မန်းရွှေစက်တော်တွင် တစ်ရက်အတွင်း သေမှုသေခင်း ၂ မှု ဖြစ်ပွား

မန်းရွှေစက်တော်တွင် တစ်ရက်အတွင်း သေမှုသေခင်း ၂ မှု ဖြစ်ပွား

မကွေး၊ မတ်လ ၃ ရက်  ။        ။        မကွေးတိုင်းဒေသကြီးတွင် ရက်အကြာဆုံးကျင်းပပြုသော မင်းဘူး၊စကုမြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်တွင် မတ်လ ၂ ရက်နေ့ တစ်ရက်တည်း ဘုရားဖူးလာဧည့်သည် သေမှုသေခင်း ၂ မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံး၊  ၂ ဦး ဒဏ်ရာရရှိသည်ဟု မန်းရွှေစက်တော်ဘုရားရဲကင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂ ရက် နေ့လယ်ပိုင်းတွင် မကွေးလေတပ်ဌာနချုပ်မှ ဆိုင်ကယ်ယာဉ်မောင်း ဒုတပ်ကြပ် ကွမ်းသီး (အသက် ၂၇ နှစ်) မောင်းနှင်လာသော ဆိုင်ကယ်သည် မန်းရွှေစက်တော်ဘုရားသွားလမ်း မိုင်တိုင်အမှတ် ၂၇၃ အရောက် တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့တိမ်းမှောက်ခဲ့ရာမှ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဆိုင်ကယ်တိမ်းမှောက်စဉ် ဇနှီး မဝေဝေခိုင်၊ ၄င်းတို့နှင့်ပါလာသောမိတ်ဆွေ၏သား ၉ နှစ်အရွယ် မောင်ရဲထက် တို့တွင် ပွန်းပဲထိခိုက်ဒဏ်ရာများ( မစိုးရိမ်ရ) ရရှိသဖြင့် ပဒါန်းတိုက်နယ်ဆေးရုံးတွင် ဆေးကုသမှုခံယူနေစဉ် ယင်းနေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ဆိုင်ကယ်မောင်သူ ဒုတက ကွမ်းသီး သေဆုံးခဲ့သည်။

ထို့အပြင် မတ်လ ၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်၌ မန်းရွှေစက်တော်ဘုရားပွဲတော် ရွှေသမင် တည်းခိုဆောင်ရှေ့ Light Truck ယာဉ်ပေါ်တွင် မကွေးမြို့၊ ရန်ကင်းရပ်နေ ဦးခင်မောင်ဝင်း ၅၇ နှစ်နှင့် ဇနီး ဒေါ်မာမာစိန်၊ ယာဉ်မောင်း ဦးအောင်ကိုလတ်တို့ အိပ်ပျော်နေစဉ် ဦးခင်မောင်ဝင်းသည် အသက်ရှုမမှန်၍ ယင်းဘုရားပွဲတော် ဆေးခန်းပို့ဆောင်ရန် ဆောင်ရွက်နေစဉ် သေဆုံးသွားလဲ့သည်။

လက်ရှိတွင် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန်အတွက် စကုမြို့တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု မန်းရွှေစက်တော်ဘုရားပွဲတော်ရဲကင်းမှ သိရသည်။

ရွှေစက်တော်ဘုရားပွဲတော်တွင် ရေနစ်သေဆုံးခြင်းစသော သေမှုသေခင်းများ အများဆုံး ဖြစ်ပွားလေ့ရှိပြီး ဖေဖော်ဝါရီလ၂၃ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်က သီတာရေစဉ်တည်းကျောင်းအနီး မန်းချောင်းတွင်  အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly