ဘင်္ဂလားဒေ့ရှ်အသင်းကို အနိုင်မရခဲ့တဲ့အတွက် မြန်မာယူ-၁၆ အမျိုးသမီးနည်းပြ ပရိသတ်တွေကို တောင်းပန်

ဘင်္ဂလားဒေ့ရှ်အသင်းကို အနိုင်မရခဲ့တဲ့အတွက် မြန်မာယူ-၁၆ အမျိုးသမီးနည်းပြ ပရိသတ်တွေကို တောင်းပန်
Photos: MFF

မန္တလေးမြို့ မှာ ကျင်းပနေတဲ့ အာရှယူ-၁၆ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပွဲစဉ် ၂ မှာ ဘင်္ဂလားဒေ့ရှ်အသင်းကို အနိုင်မရခဲ့တဲ့အတွက် မြန်မာ ယူ-၁၆ အသင်းနည်းပြ ဒေါ်စန်းစန်းသိန်းက ပရိသတ်တွေကို တောင်းပန်သွားပါတယ်။ 

ခြေစစ်ပွဲ အုပ်စုအဖွင့် ၂ ပွဲကစားပြီးချိန်မှာ နိုင်ပွဲလုံးဝမရှိခဲ့တဲ့ မြန်မာ့လက်ရွေးစင်ယူ-၁၆ အမျိုးသမီးအသင်းဟာ ခြေစစ်ပွဲကျရှုံးခဲ့ပြီး ဒုတိယအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

မြန်မာယူ-၁၆ အမျိုးသမီးအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ တရုတ်ယူ-၁၆ အမျိုးသမီးအသင်းကို ၅-၀ ဂိုး၊ ဒုတိယပွဲစဉ်မှာ ဘင်္ဂလားဒေ့ရှ် ယူ-၁၆ အမျိုးသမီးအသင်းကို ၁-၀ ဂိုးတွေနဲ့ အရေးနိမ့်ခဲ့တာပါ။

မြန်မာယူ-၁၆ အမျိုးသမီးအသင်းဟာ လက်ပွဲစဉ် ၁ ပွဲကစားဖို့ ကျနေခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ပွဲမှာ အနိုင်မရခဲ့တဲ့အတွက် ခြေစစ်ပွဲကျရှုံးခဲ့တာဖြစ်ပါတယ်။

မြန်မာယူ-၁၆ အမျိုးသမီးအသင်းနည်းပြ ဒေါ်စန်းစန်းသိန်းက "ဒီနေ့ ဘင်္ဂလားဒေ့ရှ်နဲ့ပွဲမှာ အနိုင်မရခဲ့တဲ့အတွက် ပရိသတ်တွေ အားလုံးကို တောင်းပန်ပါတယ်။ ပြိုင်ဘက်အသင်းအနေနဲ့ မြန်မာအသင်းရဲ့ ဂိုးသမားနဲ့ နောက်တန်း အားနည်းချက်ကို သူတို့ သေသေချာချာ သိထားတယ်။ ဒီအခွင်းအရေးကို အသုံးချပြီး ထောင့်ကန်ဘောကနေ ဂိုးရသွားတာပါ။"လို့ ပွဲအပြီး သတင်းစာရှင်လင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာယူ-၁၆ အမျိုးသမီးအသင်းမှာ အားထားရတဲ့ ကျောနံပါတ် ၂ ဆောင်းနှင်းဖွေး မကစားနိုင်သလို ကစားသမားလေးတွေမှာ စိတ်ဓာတ် မမြှင့်တင်နိုင်တော့လည်းပါပြီး ပြိုင်ဘက်အသင်းအနေနဲ့ စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ အသာစီးရသွားခဲ့တာဖြစ်တယ်လို့ နည်းပြက ဆိုပါတယ်။

ခြေစစ်ပွဲဒုတိယအဆင့် အုပ်စု (ခ) မှာ တရုတ်ယူ-၁၆ အမျိုးသမီးအသင်းက ၂ ပွဲကစား ၂ ပွဲနိုင် ရမှတ် ၆ မှတ် သွင်းဂိုးအသင်းနဲ့ အုပ်စုပထမနေရာမှာ ရပ်တည်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ဒုတိယရပ်တည်နေခဲ့ပါတယ်။ မြန်မာနဲ့ ဖိလစ်ပိုင်အသင်းတို့ကတော့ နိုင်ပွဲမရှိရလဒ်တွေနဲ့အတူ အုပ်စုဇယားအောက်ခြေမှာ ရပ်တည်နေခဲ့ပါတယ်။

အုပ်စုနောက်ဆုံးပွဲတွေကိုမူ မတ်လ ၃ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly