မကျေပွဲနွှဲမည့် Bibiano Fernandes သည် Kevin Belingon ကို အနိုင်ရစေသည့် အချက်(၄)ချက်

မကျေပွဲနွှဲမည့် Bibiano Fernandes သည် Kevin Belingon ကို အနိုင်ရစေသည့် အချက်(၄)ချက်

မတ်လ(၃၁)ရက်တွင်ပြုလုပ်မည့် ONE:A NEW ERA ပြိုင်ပွဲကြီး၌ တွေ့ဆုံတိုင်း ပရိသတ်များ ချီးကျူးမှတ်တမ်းတင်ရလေ့ရှိသည့် ပြိုင်ဘက်ဟောင်းနှစ်ဦး၏ ပွဲစဉ်တစ်ပွဲပါဝင်နေသည်။ " The Silencer " ဟု အမည်ရသည့် Kevin Belingon နှင့် " The Flash " ဟုခေါ်သော Bibiano Fernandes တို့ တတိယအကြိမ် တွေ့ဆုံမည့်ပွဲဖြစ်သည်။

ဘရာဇီးလ်သား Fernandes သည် Team Lakay အသင်းသား Belingon နှင့် ပထမဆုံးယှဉ်ပြိုင်သည့် ၂၀၁၆ ခုနှစ်ပွဲတွင် လက်နောက်ပြန်လှန်ချိုးသည့်တိုက်ကွက်ဖြင့် ပထမအချီမှာပင် အနိုင်ရခဲ့ပြီး ONE ဘန်တန်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသား Belingon သည် World Championship ပွဲစဉ်အဖြစ် Martin Nguyen ကိုအနိုင်ရခဲ့သောပွဲအပါအဝင် (၆)ပွဲဆက်အနိုင်ရပြီးနောက် ပြီးခဲ့သည့်နိုဝင်ဘာလက အရှုံးပေးခဲ့ရသည့် Fernandes နှင့်ကြိုးဝိုင်းအတွင်း ပြန်လည်တွေ့ဆုံခဲ့သည်။

ONE: HEART OF THE LIONS ပွဲစဉ်တွင် ၎င်းတို့နှစ်ဦးမှာ (၅)ချီအထိ အရှုံးအနိုင် အဖြေမပေါ်သော်လည်း ဒိုင်လူကြီးသုံးယောက်အနက် နှစ်ယောက်က Belingon ကို အနိုင်ပေးခဲ့သောကြောင့် ၎င်းမှာ အငြင်းပွားစရာမရှိသော ကမ္ဘာ့ချန်ပီယံအသစ်စက်စက်ဖြစ်လာခဲ့သည်။ Belingon ကမ္ဘာ့ချန်ပီယံဖြစ်လာခြင်း၏ အဓိကအချက်(၄)ချက်ရှိသည်။

(၁) ပေါက်ကွဲအားပြင်းထန်သည့်တိုက်စစ်ဆင်မှု

ဝူရှူးကျွမ်းကျင်သူတစ်ဦးအဖြစ် တိုက်စစ်ဆင်ရာတွင် ၎င်းစိတ်ကြိုက် လိုသလို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်မှုအပေါ် အံ့အားသင့်စရာမရှိပါ။

အသက်(၃၁)နှစ်အရွယ် Belingon သည် ပြင်းထန်အားပါသည့် လက်သီးများကို စွမ်းအင်အပြည့်ဖြင့် (၅)ချီစလုံး ထုတ်ပြနိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းအချီများတွင် ကစားကွက်ဗျူဟာအပြောင်းအလဲလုပ်ပြီးနောက် Belingon မှာ ဒဏ်ရာအကြီးအကျယ်ရခဲ့သေးသည်။

၎င်း၏ အကောင်းဆုံးတိုက်စစ်ဆင်မှုများအနက် အချို့မှာ (၂၅)မိနစ်တာယှဉ်ပြိုင်ရသည့်ပွဲချီများအတွင်း Fenandes ၏ ဖမ်းဆုပ်ချုပ်ကိုင်ခြင်းမခံရအောင် ကြိုးစားနိုင်ခဲ့ခြင်းပင်။ ထိုသို့ ဖမ်းချုပ်ခြင်းမခံရရန် လုပ်ဆောင်နိုင်ပြီးနောက် Belingon သည် ပြင်းထန်အားပါသည့် ကန်ချက်များဖြင့် ဘရာဇီးလ်ကိုယ်ခံပညာကစားသမားကို တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ၎င်းသည် Fernandes ကို နေရာစုံကန်ချက်များဖြင့် တိုက်ခိုက်ခဲ့ပြီး ပရိသတ်များအကြိုက် ယှဉ်ပြိုင်နိုင်ခဲ့သည်။

(၄)ချီမြောက်တွင်တော့ Belingon က ပြင်းထန်အားပါသည့် ညာဖြောင့်လက်သီးဖြင့် Fernandes ကို ကြမ်းပြင်ပေါ် လဲကျသွားသည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။

ပွဲပြီးခါနီးလေ မြန်နှုန်းမြင့်မားသော ခြေကန်ချက်အတွဲလိုက်ဖြင့် Fernandes ကို ကြိုးဝိုင်းထောင့်ပိတ်မိစေခဲ့ပြီး ပွဲပြီးဆုံးကြောင်း ခေါင်းလောင်းတီးလိုက်ပြီးနောက် အောင်ပွဲရခဲ့ခြင်းဖြစ်သည်။

( ၂ )  အံ့အားသင့်စရာ ပြန်လည်နိုးထနိုင်မှု

Fernandes နှင့်ထိုးသတ်သူတိုင်း ကြမ်းပြင်ပေါ်လဲကျသွားပြီဆိုလျှင် မည်သူမျှ ပြန်မထနိုင်တတ်ကြပါ။ သို့သော်လည်း Belingon က ONE: HEART OF THE LION ပြိုင်ပွဲကြီးတွင် ကြမ်းပြင်ပေါ် မကြာခဏလဲကျနေသော်လည်း ပြန်ထနိုင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

Fernandes က ဖမ်းချုပ်ကိုင်ပေါက်သည့်နည်းစနစ်များကို ကြိမ်ဖန်များစွာသုံးကာ အမှတ်ရရန်ကြိုးစားနိုင်ခဲ့သော်လည်း Belingon ကို ရပ်တန့်နိုင်မည့်နည်းလမ်းကို မရှာဖွေနိုင်ခဲ့ပါ။ ဘရာဇီးလ်ဂျူ ဂျစ်ဆု ခါးပတ်နက်ပိုင်ရှင်မှာ ပွဲသိမ်းနိုင်ရေးအတွက် စွန့်စားမှုအချို့ပြုလုပ်ကာ ဖမ်းချုပ်လှဲချခြင်းများလုပ်နိုင်ခဲ့သည်။

သို့သော်လည်း Fernandes မှာ ထိုပွဲတွင် ထိုသို့လုပ်ဆောင်ကာ ရမှတ်တစ်မှတ်ရယူနိုင်ခဲ့သော်လည်း Belingon မှာ ချုပ်ကွက်များအောက်မှ လွတ်မြောက်အောင် ရုန်းထွက်လာနိုင်ခဲ့သည်။

(၃) အကန့်အသတ်မရှိ သက်လုံအားကောင်းသော ကစားသမား

Fernandesနှင့် မကျေပွဲတွင် Belingon အတွက် အကောင်းဆုံးသောလက်နက်တစ်ခုမှာ ထိုးနှက်ချက်များဖြစ်ပြီး ပြင်းထန်အားပါသော ထိုးနှက်ချက်များကို (၅)ချီစလုံး အသုံးချနိုင်ခဲ့သည်။

အကောင်းဆုံးဥပမာက (၄)ချီနှင့်(၅)ချီမြောက်တွင်ဖြစ်ပြီး ဖိလစ်ပိုင်ကိုယ်ခံပညာကစားသမားမှာ ၎င်း၏တိုက်စစ်ဆင်မှုဖြင့် Fernandes ကို ဖိအားပေးနိုင်ခဲ့ရာ ထိုအတွက်လည်း နိုင်ပွဲရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ပွဲပြီးဆုံးရန် (၅)မိနစ်သာကျန်တော့ချိန်တွင်လည်း Belingon မှာ ၎င်း၏ခြေထောက်ကို ခုန်ဆွခုန်ဆွလုပ်နိုင်နေဆဲဖြစ်ပြီး ခြေကန်ချက်များနှင့်လည်း Fernandes ကို တိုက်ခိုက်နေသည်က ပထမအချီကလိုပင်ဖြစ်သည်။

(၄) ချိုးဖျက်လို့မရသော စိတ်ဓာတ်

Belingonသည် Fernandes နှင့်ပွဲတွင် နည်းစနစ်ပိုင်း ဘယ်လောက် ကျွမ်းကျင်ပိုင်နိုင်သလဲဆိုတာကို ပြသနိုင်ခဲ့သည်။ ၎င်းထပ်မံပြသခဲ့သည်က စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိုးထွင်းဉာဏ်ဖြစ်ပြီး ဆိုးရွားသောအခြေအနေများနှင့်ရင်ဆိုင်နေရချိန်များတွင်ပါ စိတ်ဓာတ်မာကျောမှုကို ပြသနိုင်ခဲ့သည်။

ဒုတိယအချီတွင် Fernandes မှာ Belingon ၏နောက်ကျောဘက်မှသိုင်းချုပ်နိုင်ခဲ့သလို ခြေထောက်ဖြင့်လည်းခေါင်းကို ချုပ်နိုင်ခဲ့သောကြောင့် ပွဲဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ (၄)ချီမြောက်တွင်လည်း ဘရာဇီးလ်ဂျူ ဂျစ်ဆု ခါးပတ်နက်ချန်ပီယံမှာ အလားတူအခွင့်အရေးရခဲ့ပြီး ဆွဲချုပ်ကိုင်ပေါက်ကာ ဒိုင်ပွဲရပ်အနိုင်ရအောင် ကြိုးစားခဲ့သေးသည်။

သို့သော်လည်း အဆိုပါနှစ်ချီစလုံးတွင် Belingon က အရှုံးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ၎င်းတို့နှစ်ဦး ပထမဆုံးတွေ့ဆုံရာတွင် Fernandes က သိပ်အားမထုတ်လိုက်ရဘဲ သက်သောင့်သက်သာဖြင့်ပွဲသိမ်းနိုင်ခဲ့သည်။ ဒုတိယအကြိမ် တွေ့ဆုံရာတွင်တော့ Belingon က အဆင့်တစ်ခုသို့ရောက်နေပြီဆိုသည်ကိုသက်သေပြခဲ့ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာအရလည်း အကြမ်းပတမ်းခံနိုင်သည်ကို ပြသခဲ့သည်။ ပထမအကြိမ်တွေ့ဆုံစဉ်ကနှင့် ကွဲပြားခြားနားသွားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required