ရည်ရွယ်ချက်ရှိရှိ အဝါကတ်ရယူခဲ့တဲ့ ရာမို့စ်ကို ဥရောပပြိုင်ပွဲ (၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်

ရည်ရွယ်ချက်ရှိရှိ အဝါကတ်ရယူခဲ့တဲ့ ရာမို့စ်ကို ဥရောပပြိုင်ပွဲ (၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က ကစားခဲ့တဲ့ အေဂျက်စ်နဲ့ ရီးယဲလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်မှာ ရည်ရွယ်ချက်ရှိရှိအဝါကတ်ရယူခဲ့ကြောင်း တွေ့ရှိတဲ့အတွက် ရာမို့စ်ကို ဥရောပပြိုင်ပွဲ ၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ရာမို့စ်ဟာ ပွဲချိန် ၈၉ မိနစ်မှာ အေဂျက်စ်တိုက်စစ်ကစားသမား ဒိုးလ်ဘတ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးတဲ့နောက် ဒီရာသီချန်ပီယံလိဂ်မှာ ၃ ကြိမ်မြောက် အဝါကတ်ကို ပြသခံခဲ့ရပြီး အလိုအလျောက် တစ်ပွဲပယ်ခံရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီအဝါကတ်ကို ရာမို့စ်က ရည်ရွယ်ချက်ရှိရှိ ရယူခဲ့တယ်လို့ ပြောဆိုမှုရှိခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် စပိန်နောက်ခံကစားသမားက "ပွဲပယ်ခံရဖို့ အတင်းလုပ်ယူခဲ့တာ မဟုတ်ဘူးလို့ ကျနော် ပြောဆိုရင်" သူဟာ လိမ်ရာကျပါလိမ့်မယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ဒါ့ကြောင့် ယူအီးအက်ဖ်အေက ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် ရာမို့စ်ကို အေဂျက်စ်အသင်းနဲ့ ဒုတိယအကျော့အပါအဝင် ရီးယဲလ်အသင်း ကွာတားဖိုင်နယ်တက်ရောက်နိုင်ပါက ပထမအကျော့ပွဲစဉ်ကိုပါ လွဲချော်မယ့် ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly