Facebook နှင့် မြန်မာစာပေပံ့ပိုးကူညီထိန်းသိမ်းစောင့်ရှောက်မှုအဖွဲ့တို့ ပူးပေါင်းပြီး Digital Literacy သင်တန်းပေးမည်

Facebook နှင့် မြန်မာစာပေပံ့ပိုးကူညီထိန်းသိမ်းစောင့်ရှောက်မှုအဖွဲ့တို့ ပူးပေါင်းပြီး Digital Literacy သင်တန်းပေးမည်

ရန်ကုန်၊ဖေဖော်ဝါရီ ၂၈ရက် ။         ။     Facebook နှင့် မြန်မာစာပေပ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောက်ရှောက်မှု ပရဟိတအဖွဲ့တို့ ပူးပေါင်းပြီး Digital Literacy (ဒစ်ဂျစ်တယ် အတတ်ပညာ) ရက်တို သင်တန်းများကို မတ်လမှ စတင်ကာ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

Facebook လူမှုကွန်ရက် အသုံးပြုသူများအနေဖြင့် သတင်းမှားများ၊အမုန်းပွား အငြင်းပွားစရာဖွယ်ရာများ၊ အကောင့်တုများအသုံးပြုများ လျော့နည်းလာစေရန်၊ ကိုယ်ပိုင်နာမည် အစစ်ကိုသာ အသုံးပြုရန်နှင့် အခြား ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာများကို သင်ကြားပေးသွားမည်ဖြစ်သည်။

"အခု လူတွေက Facebook သုံးတဲ့အခါ မလုံခြုံဘူးလို့ ခံစားရလာရတဲ့လူတွေအတွက် အဓိက ရည်မှန်းချက် ချထားတာဖြစ်ပါတယ်။စိတ်ချလုံခြုံစွာ၊သုံးနိုင်ဖို့ တစ်ဖက်ကလည်း သူတို့ရလာတဲ့ သတင်းအချက်လက်တွေကို သိလာတဲ့ အချက်လက်တွေကို တစ်ယောက်နဲ့တစ်ယောက် ထိထိရောက်ရောက်နဲ့ အပြုသဘော ဆောင်မယ့် ဟာတွေကို ဆောင်ရွက်နိုင်အောင်ဆိုပြီး ကျွန်မတို့နဲ့ လက်တွဲလုပ်ဆောင်တဲ့MBAPFနဲ့ ထိထိရောက်ရောက် Digital Literacy သင်တန်းပေးသွားမှာပါ" ဟု Facebook မှ APAC Community Affairs ၏ ဒါရိုက်တာ Ms.Clair Deevyက ပြောသည်။

Facebook အသုံးပြုသူများအနေဖြင့် အမုန်းစကားများနှင့်ပတ်သက်ပြီး လုံးဝလက်ခံထားခြင်းမရှိဘဲ ပဋိပက္ခ များကို လှုံ့ဆော်မှုကိုမဖြစ်လာစေရေးအတွက်နှင့် လူတစ်ယောက်နှင့်တစ်ယောက် အမုန်းပွားစေမှုများကို ပြုလုပ်မည်ဆိုပါက လုံးဝခွင့်မပြုမည်မဟုတ်ကြောင်း ၄င်းက ဆိုသည်။

ယင်းသင်တန်းများကို မတ်လမှစတင်ကာ ရက်တိုသင်တန်းများအဖြစ် ၄ရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး ၂၀၁၉တစ်နှစ်လုံးအတွက် လူဦးရေ ၄ထောင်လောက် သင်ကြားပို့ချနိုင်ဖို့ရည်ရွယ်ထားကြောင်းသိရသည်။

" ဒီသင်တန်းမှာ Social mediaသုံးတဲ့အခါမှာ ဆောင်ရန်ရှောင်ရန်တွေ၊Facebook မှာ ကိုယ်တိုင် အကောင့် ဖြစ်ရမယ်။သူများဓာတ်ပုံတွေမဖြစ်စေရဘူး။ သူ့မှာရှိနေတဲ့ Security တွေ Privacy တွေ Setting တွေကို သင် သွား မှာဖြစ်တယ်။ ဒါက Facebook Tranning ချည်းပဲလားဆိုတော့ မဟုတ်ပါဘူး။ လူတွေတော်တော်များများ အသုံးပြုနေကြတဲ့  Google Map ကြည့်တတ်ရမယ်၊သုံးတတ်ရမယ်၊ Social media ထက်စာရင် Email ကပိုပြီး ပရော်ဖက်ရှင်နယ် ပိုကျတယ်ဆိုတော့ Email ကိုရေးတတ်အောင် အသုံးပြုတတ်အောင်သင်ပေးမယ်။ သင်ခန်းစာ တွေထဲမှာလည်းပါတယ်"ဟု မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင်ရှောက်မှု ပရိဟိတအဖွဲ့မှ Executive Diector ဖြစ်သူ ဒေါက်တာသန့်သော်ကောင်း က ဆိုသည်။

အဆိုပါ သင်တန်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ မြန်မာစာပေပ့ံပိုးကူညီမှုနှင့် ထိန်းသိမ်းစောက်ရှောက်မှု ပရဟိတအဖွဲ့နှင့် လက်တွဲလုပ်ဆောင်နေသည့် စာကြည့်တိုက်များတွင် အဓိကသင်တန်းပို့ချသွားမည်ဖြစ်ကာ Social media အသုံးပြုသူတိုင်း အဆိုပါသင်တန်းကို တက်ရောက်နိုင်မည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly