ရန်ကုန်-စစ်တွေ ကားလမ်းပေါ်တွင် ရဲကားအချို့တိုက်ခိုက်ခံရ၊ ရဲ ၂ ဦးသေဆုံး

ရန်ကုန်-စစ်တွေ ကားလမ်းပေါ်တွင် ရဲကားအချို့တိုက်ခိုက်ခံရ၊ ရဲ ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ။           ။      ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရန်ကုန်-စစ်တွေကားလမ်းပေါ်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၈) နံနက်ပိုင်းက ရဲကား အချိဳ႕ တိုက်ခိုက်ခံခဲ့ရကာ ရဲနှစ်ဦးသေဆုံးခဲ့ရကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။

“ အတိုက်ခံရတယ်တယ်။ ရဲ နှစ်ယောက် ကျတာသိတယ်။ တခြားတော့ တိတိကျကျမသိသေးဘူး” ဟု ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးညီညီမင်းကမဇ္စျိမသို့ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့စည်ပင်ဝန်ကြီးမှ မသိရှိသေးကြောင်းပြောဆိုခဲ့ပြီး၊ နယ်/လုံဝန်ကြီးအပါအဝင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူအချို့ကိုမေးမြန်းရန်ကြိုးပမ်းသော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေသည့်ပုံများအရ ရဲတပ်ဖွဲ့ဝင်များမောင်းနှင်လာသည့် ရဲကားတစ်စီးနှင့် လူစီးကားတစ်စီးတို့ တိုက်ခိုက်ခံထားရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရခိုင်ဒေသအတွင်း တပ်မတော်နှင့် တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည့် ရခိုင့်တပ်(AA) ထံမေးမြန်းရန်ကြိုးပမ်း ခဲ့သော်လည်း အလားတူအဆက်အသွယ်မရရှိသေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့ နံနက်အစောပိုင်းက ဘူးသီးတောင်မြို့နယ်၊ မြောက်ပိုင်းရှိ ရဲကင်းစခန်း ၄ ခုကို ရက္ခိုင့်တပ် (AA) မှ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပြီး အဆိုပါတိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးကာ၊ ၁၃ ယောက်ခန့်ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်-စစ်တွေကားလမ်းသည် မကြာခဏ မိုင်းများတွေ့ရှိခြင်း၊ ပေါက်ကွဲခြင်းများဖြစ်ပွားလေ့ရှိသည့် လမ်းမကြီးဖြစ်နေပြီး လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း ရန်ကုန်-စစ်တွေကားလမ်း၊ မြောက်ဦးမှ ကျောက်တော်ကိုအသွား ၁၆ မိုင်အကွာတွင် မိုင်း ၃ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly