2019 CBSA China(Asia)City Snooker Club Team Championship ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကစားသမားများ ကိုရွေးချယ်နေစဉ်

2019 CBSA China(Asia)City Snooker Club Team Championship ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကစားသမားများ ကိုရွေးချယ်နေစဉ်
ဓာတ်ပုံ-  မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်

2019 CBSA China(Asia)City Snooker Club Team Championship ပြိုင်ပွဲတွင် မြန်မာကစားသမား ၂ ဦး ဆီမီးဖိုင်နယ်အဆင့်ထိ မျှော်မှန်း

ဖေဖော်ဝါရီလ ၂၇ ။         ။   တရုတ်နိုင်ငံတွင်ကျင်းပမည့် 2019 CBSA China(Asia)City Snooker Club Team Championship ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကစားသမားနှစ်ဦးအနေဖြင့် ဆီမီးဖိုင်နယ်အဆင့်အထိ ရေက်ရှိရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးခင်မောင်ဦး က ပြောသည်။

အဆိုပါပြိုင်ပွဲကို လာမည့် မတ်လ ၂၄ ရက်နေမှ  ၂၈ နေ့အထိ တရုတ်နိုင်ငံ ကွမ်တုံးဒေသရှိ ဖိုရှမ်းမြို့တွင်  ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင််ငံကိုယ်စားပြုအသင်းအနေဖြင့် အောင်ဖြိုးနှင့် ဝင်းကိုကိုတို့ကိုရွေးချယ်ထား ကြောင်း သိရသည်။

" ပြိုင်ပွဲက မတ်လ ၂၄ ရက်နေ့မှစတာဖြစ်တဲ့အတွက် အစ်ကိုတို့မှတစ်လအချိန် မရှိတော့ဘူး။ အမြန်ဆုံး လူရွေးပွဲလုပ်ရတယ်။ တစ်နိုင်ငံလုံးကိုလည်းခေါ်ပြီးတော့ မရွေးနိုင်တော့ဘူး။ မြန်မာနိုင်ငံမှာလည်း လက်ရည် အဆင့်အတန်းရှိတဲ့လူတွေကို ကိုယ့်လည်းသိပါတယ်။ပြီးခဲ့တဲ့နှစ်က Sea Game ကိုသွားဖို့ပဏမ လူရွေးထားတဲ့ ကစားသမား ၅ ယောက်ရှိတယ်။တစ်ယောက်ကနေမကောင်းဘူး။ ကျန်တဲ့၄ယောက် ကိုပဲ ပတ်လည်ပြိုင်ပွဲ ကစားခိုင်းပြီး အဲကနေ ၂ ယောက်ရွေးလိုက်ပါတယ်။အောင်ဖြိုး၊ဝင်းကိုကိုတို့ နှစ်ယောက်ကို ရွေးလိုက် ပါတယ်။လူအများကြီးမရွေးဖြစ်တာကလည်း ဟိုဘက်က ပြိုင်ပွဲဝင်ရောက်ဖို့အကြောင်းကြားစာက နောက်ကျ နေတာကြောင့် အမြန်လူရွေးချယ်မှုပြုလုပ် လိုက်ရတာပါ။ သူတို့နှစ်ဦးကို ဆီမီးဖိုင်နယ်အဆင့်ထိ တက်နိုင်မယ် လို့ မျှော်မှန်းထားပါတယ် " ဟု  အတွင်းရေးမှူး ဦးခင်မောင်ဦး က ပြောသည်။

အပြီးသတ်ရွေးချယ်ထားသည့် အဆိုပါ ကစားသမား နှစ်ဦးသည် လက်ရှိအချိန်တွင် မန္တလေးမြို့တွင် ကျင်းပပြုလုပ်နေသည့် 9 Club ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကစားနေပြီး အဆိုပါ 9 Club ပြိုင်ပွဲ ပြီးသည့် အချိန်မှ ရန်ကုန် မြို့တွင်စခန်းသွင်းလေ့ကျင့်သွားမည့်ဖြစ်ကြောင်း တရုတ်တွင်ကျင်းပမည့်ပြိုင်ပွဲအတွက် လာမည့်မတ်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံမှထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly