ရုရှမှာ နှင်းမည်းတွေ ကျဆင်း

ရုရှမှာ နှင်းမည်းတွေ ကျဆင်း
Photo: AFP

မော်စကို၊ ဖေဖော်ဝါရီ ၂၇ ။       ။ ရုရှနိုင််ငံက ဆိုက်ဘေးရီးယားအရပ်က မြို့သုံးမြို့မှာတော့ ဆီးနှင်းမည်းတွေ လွှမ်းခြုံထားတာကို တွေ့နေရပါတယ်။

စက်မှုဇုန်နယ်မြေ ကီမာရိုဗိုအရပ််က ကီဆီးလို့ဗ်မြို့အပါအဝင် မြို့သုံးမြို့မှာ ခုလအတွင်းမှာပဲ ဒီလို ဆီးနှင်းမည်းတွေ ကျဆင်းဖုံးလွှမ်းတာနဲ့ ကြုံတွေ့နေတာဖြစ်ပြီး ဒီအတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေတဲ့ ကျောက်မီးသွေးလုပ်ငန်းတွေကြောင့် ဖြစ်တယ်လို့ အပြစ်တင်ထားပါတယ်။

အဲဒီ ဆိုက်ဘေးရီးယားဒေသမှာ လေထုအတွင်းက ကျောက်မီးသွေးအမှုန်အမွှားတွေဟာ ဆီးနှင်းတွေနဲ့ ရောနှောပြီး နှင်းမည်းတွေအဖြစ် ကျဆင်းလာခဲ့တာပါပဲ။

ဒီအတွက် ဒေသအုပ်ချုပ်ရေးမှူးဟာ ကျောက်မီးသွေးသုံးစက်ရုံတစ်ရုံကို ဒေသခံတွေကို သတ်ဖြတ်နေတာပဲလို့ စွပ်စွဲပြီး အင်္ဂါနေ့မှာ ယာယီ ပိတ်ခိုင်းလိုက်ပါတယ်။

မော်စကိုမြို့တော်က မိုင် ၁၈၀၀ ဝေးတဲ့ ဒီဒေသက မြို့သုံးမြို့မှာ ကားတွေ၊ အိမ်တွေကို နှင်းမည်းတွေ လွှမ်းခြုံထားတာကို ဒေသခံတွေက လူမှုမီဒီယာတွေပေါ် ဓာတ်ပုံတွေ တင်ကြပါတယ်။

“ခင်ဗျားရဲ့ ပတ်ပတ်လည် နှင်းမည်းတွေ လွှမ်းခြုံထားတာကိုတွေ့နေရရင် ခင်ဗျား စိတ်ထိုင်းမှိုင်းညှိးငယ်လာတော့မှာ အမှန်ပဲ။ နောက်ပြီး ကျန်းမာရေးအတွက် တော်တော်လေးကို ဆိုးကျိုးသက်ရောက်မယ်ဆိုတာ သိနားလည်မှာလည်း ဖြစ်တယ်။”လို့ နှင်းမည်းတွေ ကျဆင်းနေရာ ကီဆီးလို့ဗ်မြို့က အွန်လိုင်းသတင်းစာ အမျိုးသမီးအယ်ဒီတာတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ကလေးတွေ အပြင်ကို လုံးလုံး ထွက်မဆော့ကြဘူး။”လို့လည်း ၎င်းက ဖြည့်စွက်ပြောပါတယ်။

အဲဒီ နှင်းမည်းတွေဟာ နေပွင့်လာမယ့် ဧပြီလကုန်အထိ လွှမ်းခြုံထားဖွယ်ရာလည်း ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required