သမ္မတ မာဒူရိုကို ချွှန်းအုပ်တော့ရန် အတိုက်အခံခေါင်းဆောင်နဲ့ အမေရိကန်တို့ သဘောတူ

သမ္မတ မာဒူရိုကို ချွှန်းအုပ်တော့ရန် အတိုက်အခံခေါင်းဆောင်နဲ့ အမေရိကန်တို့ သဘောတူ

ကိုဂိုတာ၊ ဖေဖော်ဝါရီ ၂၆ ။       ။      ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုကို ချွှန်အုပ်ပြီး မလှုပ်နိုင်အောင် တင်းကျပ်တော့မယ့် မဟာဗျူဟာကို ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂွါဒိုနဲ့ အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်တို့က သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

ကိုလံဘီယာမှာ ဒေသတွင်း မဟာမိတ်တွေနဲ့ တနင်္လာနေ့က တွေ့ဆုံအပြီးမှာ ၎င်းတို့နှစ််ဦးက အခုလို သဘောတူညီချက် ချမှတ်လိုက်တာပါ။

ကျွန်တော် တို့ဟာ ဒီမိုကရေစီသို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသွင်ကူးပြောင်းဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် သမ္မတ ထရမ့်က ရှင်းရှင်းလင်းလင်း ဆိုထားပြီးဖြစ်တယ်။ ဗင်နီဇွဲလားအရေး ဖြေရှင်းဖို့မှာ ရွေးချယ်စရာ အားလုံးကို စဉ်းစားပြီး ဖြစ်တယ်။”လို့ မိုက်ပန့်စ်က ပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံရဲ့ ကိုလံဘီယာနဲ့ ဘရာဇီးနယ်စပ်တွေမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ရယူမယ့် ဂွါဒိုကို ထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ပြီး လူလေးဦး သေဆုံးခဲ့ရတဲ့ နောက်ပိုင်းမှာ ဒေသတွင်း မဟာမိတ်နိုင်ငံတွေနဲ့အတူ ဂွါဒိုရယ်၊ မိုက်ပန့်စ်တို့ရယ်ဟာ စည်းဝေးတွေ့ဆုံကြပြီး ဆုံးဖြတ််ချက်ချ သဘောတူလိုက်ကြတာလည်း ဖြစ်ပါတယ်။

ကိုလံဘီယာနယ်စပ်မှာ စုပုံနေတဲ့ အမေရိကန်ရဲ့ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေကို မီးရှို့မှုတွေ ဖြစ်တဲ့အထိ ထိပ်တိုက်တွေ့မှုက အရှိန်မြင့်နေပါတယ်။ ဘရာဇီးနိုင်ငံထဲကိုလည်း ခိုးဝင်ကြသူ ဗင်နီဇွဲလားပြည်သူတွေကိုလည်း မြင်တွေ့နေရပါတယ်။

နိုင်ငံတွင်းမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်ဆိုပြီး ဂွါဒိုရဲ့ တောင်းခံမှုနဲ့ အမေရိကန််ဟာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ပေးပို့ထားတာဖြစ်ပါတယ်။

သမ္မတ မာဒူရိုကတော့ အမေရိကန်ရဲ့ အကူအညီဟာ ကျုးကျော်မှုရဲ့ ခြေလှမ်းအစဆိုပြီး ပိတ်ပင််ထားတာပါ။ ပြီးခဲ့တဲ့လအတွင်းမှာ အတိုက်အခံခေါင်းဆောင်လည်းဖြစ်၊ လွှတ်တော်ဥက္ကဌလည်းဖြစ်တဲ့ ဂွါဒိုက ၎င်းကိုယ်ကို ကြားဖြတ်သမ္မတအဖြစ် ကြေညာအပြီး တင်းမာမှုတွေ ပိုမိုဆိုးဝါးနေတော့တာပါ။

သမ္မတမာဒူရိုကို ထောက်ခံသူတွေကလည်း ဖေဖော်ဝါရီ ၂၅ ရက်မှာ လူထုစုရုံးမှု ပြုလုပ်ခဲ့ရာမှာ လူပင်လယ်ကြီးသမျှ ကြီးမားခဲ့ပါတယ်။

အမေရိကန်ကတော့ ဂွါဒိုကို အပြည့််အဝထောက်ခံကြောင်း ပြောထားပြီး အနောက်အုပ်စုနိုင်ငံ ဒါဇင်များစွာကလည်း အသိအမှတ်ပြုထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required