ခေါက်နိုင်တဲ့ မျက်နှာပြင်နဲ့ 5G ဖုန်းကို ဟွာဝေး မိတ်ဆက်ပြသ

By AFP
25 February 2019
ခေါက်နိုင်တဲ့ မျက်နှာပြင်နဲ့ 5G ဖုန်းကို ဟွာဝေး မိတ်ဆက်ပြသ

ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ။           ။ တရုတ်ရဲ့ ဆက်သွယ်ရေးကုမ္ပဏီကြီး ဟွာဝေးက ခေါက်နိုင်တဲ့ မျက်နှာပြင်နဲ့ 56 ဖုန်းကို တနင်္ဂနွေနေ့မှာ မိတ်ဆက်ပြသလာပါတယ်။

ပြိုင်ဖက် ဆမ်ဆောင်းက ပထမဆုံးအဖြစ် ခေါက်နိုင်တဲ့ ဖုန်းကို ထုတ်ဖော်ပြသလိုက်ပြီး လေးရက်လောက်မှာပဲ ဟွာဝေးက ထုတ်ဖော်ပြသလာတာပဲ ဖြစ်ပါတယ်။

Max X လို့ အမည်ပေးထားတဲ့ ဒီ ဟွာဝေးရဲ့ ခေါက်ဖုန်းဟာ ကမ္ဘာတစ်ဝန်းမှာ စတင်တပ်ဆင်လျက်ရှိနေတဲ့ ပဥ္စမမျိုးဆက်ဝါယာမဲ့ကွန်ရက် 5G ကို အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဟွာဝေးရဲ့ ဖောက်သည်စီးပွားရေးအုပ်စုအကြီးအကဲ ရစ်ချက်ယုက ပြောပါတယ်။

“ကျွန်တော်တို့ အင်ဂျင်နီယာတွေဟာ ဒီဖုန်းအတွက် သုံးနှစ်ကျော် လုပ်ကိုင်ခဲ့ရတာ ဖြစ်ပါတယ်။”လို့ ဘာစီလိုနာက ဖုန်းပြပွဲတစ်ခုမှာ ရစ်ချက်ယုက ပြောပါတယ်။

စပိန်မြို့ဖြစ်တဲ့ ဘာစီလိုနာမှာ လေးရက်တာ Mobile World Congress ပြပွဲ တနင်္လာနေ့မှာ မစတင်ခင် အကြိုနေ့မှာပဲ ဟွာဝေးက အခု ခေါက်ဖုန်းကို ထုတ်ဖော်ပြသတာပါ။

အခု ဖုန်းကို ၂၀၁၉ နှစ်လယ်လောက်မှာ ဝယ်ယူနိုင်ကြမှဖြစ်ပြီး တန်ဖိုးအားဖြင့် ယူရို ၂၂၉၉ (အမေရိကန်ဒေါ်လာ ၂၆၀၀) ရှိမယ်လို့ သိရပါတယ်။

ဒီ စျေးနှုန်းဟာ အရမ်းကို ကြီးမြင့်တယ်ဆိုတာကို ရစ်ချက်ယုက ဝန်ခံပြီး ကုမ္ပဏီအနေနဲ့ စျေးလျှော့နိုင်ဖို့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေတယ်လို့လည်း ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly