ဒုတိယအကြိမ် "Manufacturing Myanmar 2015" ကုန်စည်ပြပွဲ အောက်တိုဘာ ၁၅ စမည်

ဒုတိယအကြိမ် "Manufacturing Myanmar 2015" ကုန်စည်ပြပွဲ အောက်တိုဘာ ၁၅ စမည်

အောက်တိုဘာ ၂ ရက် ။            ။ ဒုတိယအကြိမ် နိုင်ငံတကာကုန်စည်ပြပွဲကို ရန်ကုန်မြို့ Myanmar Event Park ၌ အောက်တိုဘာ ၁၅ မှ ၁၇ ရက်အထိ သုံးရက်ကြာကျင်းပသွားမည်ဖြစ်သည်။

ပြပွဲကို Singapore Exhibition Service Pte Ltd မှ စီစဉ်ခြင်းဖြစ်ပြီး ၁၅ နိုင်ငံကျော်မှ ပြသမှုပေါင်း ၁၀၀ ကျော်ရှိမည်ဖြစ်ပြီး ဂျာမနီ၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ ထိုင်ဝမ်၊ အိန္ဒိိယ၊ အီတလီ၊ ဂျပန်၊ မလေးရှား၊ ထိုင်းနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ပါဝင် ပြသ ကြမည်ဟု မျှော်လင့်ထားကြသည်။

"Manufacturing Myanmar 2015" တွင် စက်ပစ္စည်းအမျိုးမျိုး၊ နည်းပညာနှင့် အသုံးအဆောင်ပစ္စည်းများ စုံလင်စွာ ပြသမည်ဖြစ်ပြီး ကူးသန်းရောင်းဝယ်သူပေါင်း ၃၀၀၀ ဦးခန့် လာရောက်လေ့လာကြမည် ဟုလည်း ခန့်မှန်းထားသည်။

ရင်းနှီးမြှုပ်လိုသူများ၊ စီးပွားကုန်သည်များ၊ နည်းပညာရှင်များအတွက် တွေ့ဆုံဖလှယ်ရာ နေရာအဖြစ်လည်း ပြပွဲအား အသုံးပြုနိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly