အော်စကာဆုပေးပွဲ ကျင်းပရန် တစ်ရက်သာလို

အော်စကာဆုပေးပွဲ ကျင်းပရန် တစ်ရက်သာလို

ဖေဖော်ဝါရီ ၂၃ ။             ။ မနက်ဖြန် ဖေဖော်ဝါရီလ၊ ၂၄ ရက်မှာ ကျင်းပမယ့် ၉၁ ကြိမ်မြောက် အော်စကာဆုပေးပွဲကြီးအတွက် အခမ်းအနားပြင်ဆင်မှုတွေကို တာဝန်ရှိသူတွေက အပြီးသတ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

အော်စကာဆုပေးပွဲဟာ ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အထင်ကရဆုပေးပွဲကြီးပဲဖြစ်ပါတယ်။

၉၁ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အော်စကာဆုပေါင်း ၂၄ ဆုချီးမြှင့်ပေးအပ်သွားမှာဖြစ်ပြီး အဆိုပါဆုရှင်တွေကိုတော့ လော့စ်အိန်ဂျလိစ်မြို့အခြေစိုက် Academy of Motion Picture Arts and Sciences အဖွဲ့ဝင်ပေါင်း ၇၉၀၂ ယောက်က မဲခွဲဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

အော်စကာဆုပေးပွဲရဲ့ သက်တမ်းတစ်လျှောက်မှာ အော်စကာဆုအများဆုံးဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကတော့ Walt Disney ပဲဖြစ်ပါတယ်။

Walt Disney ဟာ အော်စကာဆုပေါင်း ၂၂ ဆုဆွတ်ခူးရရှိထားတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပါတယ်။

အော်စကာဆုသမိုင်းကြောင်းရဲ့ အသက်အငယ်ဆုံး အော်စကာဆုရှင်ကတော့ Tatum O’Neal ဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်မှာ အသက် ၁၀ နှစ်သာရှိသေးတဲ့ Tatum O’Neal ဟာ Paper Moon ဇာတ်ကားရဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

အသက်အကြီးဆုံး အော်စကာဆုရှင်ကတော့ Christopher Plummer ဖြစ်ပြီး ၎င်းဟာ ၂၀၁၂ ခုနှစ်မှာ Beginners ဇာတ်ကားရဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

ယင်းအော်စကာဆုကို ဆွတ်ခူးရရှိခဲ့ချိန်မှာ Christopher Plummer ဟာ အသက် ၈၂ နှစ်ရှိပြီလို့ သိရပါတယ်။

၉၁ ကြိမ်မြောက် အော်စကာဆုပေးပွဲကို မနက်ဖြန် ဖေဖော်ဝါရီလ၊ ၂၄ ရက်၊ လော့စ်အိန်ဂျလိစ်မြို့က Dolby ပြဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly