ထိပ်သီးအစည်းအဝေး မတိုင်မီ ထရမ့်နဲ့ ကင်ဂျုံးအန် လူပုံစံတူနှစ်ဦးကို မေးစရာရှှိတယ်ဆိုကာ ဗီယက်နမ်ရဲ ဖမ်းဆီး

ထိပ်သီးအစည်းအဝေး မတိုင်မီ ထရမ့်နဲ့ ကင်ဂျုံးအန် လူပုံစံတူနှစ်ဦးကို မေးစရာရှှိတယ်ဆိုကာ ဗီယက်နမ်ရဲ ဖမ်းဆီး

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၃ ။           ။ ထရမ့်နဲ့ ကင်ဂျုံးအန် ပုံစံတူဖမ်းထားတဲ့ လူတူနှစ်ဦးကို ဗီယက်နမ်ရဲဌာနက မေးမြန်းစရာ ရှိတယ်ဆိုကာ ဖမ်းဆီးထားပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦး လာမယ့်သီတင်းပတ်မှာ ဒုတိယမြောက် ထိပ်သီးညီလာခံ ကျင်းပမယ့် ဟနွိုင်းမှာ ၎င်းလူတုနှစ်ဦး တွေ့ရှိပြီးနောက် ခုလို ဖမ်းဆီးထိန်းသိမ်းထားတာပဲ ဖြစ်ပါတယ်။

ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ ဖေဖော်ဝါရီ ၂၇ နဲ့ ၂၈ ရက်မှာ ထရမ့်နဲ့ ကင်ဂျုံးအန် အစစ်နှစ်ဦးရဲ့ ဒုတိယမြောက် ထိပ်သီးအစည်းအဝေး မတိုင်မီမှာ အတုနှစ်ဦးက သောကြာနေ့က စည်းဝေးတွေ့ဆုံမှု ပြုလုပ်ခဲ့တာပါ။

ကင််ဂျုံးအန် ပုံဖမ်းထားသူ ဟောင််းဝပ်အိတ်ချ်နဲ့ ဒေါ်နယ်ထရမ့် လူတူ ရပ်ဆယ်ဝှိုက်တို့ဟာ ဌာနေရုပ်သံတစ်ခုနဲ့ အင်််တာဗျူးတာတွေတောင် လုပ်လာချိန်မှာ ရဲ ဆယ်ဦးခန့် ရောက်လာတာပါ။

အဲဒီ လူတူနှစ််ဦးကို မီဒီယာရှေ့ မထွက်ဖို့ ပြောဆိုရင်း ဒါမှမဟုတ်ရင် နိုင်ငံထဲက နှင််ထုတ်ခံရမယ်လို့ ရဲက ပြောဆိုခဲ့ပါတယ်။

“ရဲတွေက ကျွန်တော်တို့ကို ပြောတယ်။ ဒီလို ပုံစံတူ လုပ်တာမျိုး မလုပ်ဖို့၊ ဒါမှ မဟုတ်ရင် နိုင်ငံထဲက ကန်ထုတ်ခံရမယ်လို့ ပြောတယ်။”ဆိုပြီး ဟောင််ကောင်နိုင်ငံသားဖြစ်တဲ့ ဟောင်းဝပ်အိတ်ချ်က ပြောပါတယ်။။

ဗီယက်နမ်ကို တရားဝင် လာခဲ့တာဖြစ်ပြီး အနှင်မခံရမချင်း မပြန််ဘူးလို့ စစ်ကြောရေးကနေ ပြန််လွတ်လာပြီး ဟိုတယ်ကို ပြန်ရောက်လာတဲ့ ဟောင်းဝပ်အိတ်ချ်က ပြောပါတယ်။ ဒီဟိုတယ်မှာ အရပ်ဝတ်ရဲတွေက သူ့ကို စောင့်ကြည့်နေဖွယ်ရာ ရှိပါတယ်။

ထရမ့်ရဲ့ လူပုံစံတူ ဝှိုက်ကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားစွန့်လွှတ်ရေးကို အာရုံစိုက်လာအောင် သူတို့က ဆောင်ရွက်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့က ငြိမ်းချမ်းရေးဆီ ဦးတည်ပြီး လုပ်ဆောင်နေတာပါဗျာ။ ဆွေးနွေးပွဲတွေ၊ စကားဝိုင်းတွေက တစ်ဆင့် မြောက််ကိုရီးယား လမ်းကြောင်းမှန်ဖို့ ကျွန်တော်တို့က ကူညီချင်နေတာပါ။”လို့ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required