ကံဆိုးခြင်းတွေကို လက်ယပ်မခေါ်ဖို့ အိန္ဒိယကို ပါကစ္စတန်စစ်တပ် သတိပေး

ကံဆိုးခြင်းတွေကို လက်ယပ်မခေါ်ဖို့ အိန္ဒိယကို ပါကစ္စတန်စစ်တပ် သတိပေး

အစ္စလာမ္မာဘတ်၊ ဖေဖော်ဝါရီ ၂၃ ။            ။ အိန္ဒိယနဲ့ ပါကစ္စတန် နျူကလီးယားလက်နက်ပိုင် နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဘယ််လို ခြိမ်းခြောက်မှုမျိုးကိုမဆို ပါကစ္စတန််က လက်တုံ့ပြန်နိုင်စွမ်းရှိပြီး အိန္ဒိယအနေနဲ့ ကံဆိုးခြင်းတွေကို လက်ယပ်မခေါ်ဖို့ ပါကစ္စတန်စစ်တပ်ဟာ သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

“ကျုပ်တို့ကို လာမဆွဘူးလို့တော့ မျှော်လင့်နေပါတယ်။”လို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အဆစ်ဂါဖောက ရာဝဲလ်ပင်ဒီ တပ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါတယ်။

ပါကစ္စတန်အနေနဲ့ အိန္ဒိယနိုင်ငံကို ခုလို သတိပေးစကားမျိုး ပြောကြားတာဟာ နှစ်ကြိမ်မြောက်လည်း ဖြစ်ပါတယ်။

အိန္ဒိယပိုင် ကက်ရှ််မီးယားဒေသမှာ စစ်ယာဉ်တန်းကို အသေခံတိုက်ခိုက်ခံရပြီး အိန္ဒိယ အရံတပ်သား ၄၁ ဦး ကျဆုံးခဲ့ပြီးနောက်မှာ နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေတော့တာပါ။

ဒီအသေခံတိုက်ခိုက်မှုကို ပါကစ္စတန်အခြေစိုက် Jaish-e-Mohammaed အစ္စလာမ္မစ်အုပ်စုက ကျူးလွန်ကြောင်း ကြေညာထားပါတယ်။

ဒီတိုက်ခိုက်မှုအတွက် လက်တုံ့ပြန်ဖို့ အိန္ဒိယဖက်မှာ တောင်းဆိုမှုတွေ ရှိနေပါတယ်။ ကျူးလွန်တဲ့ စစ်သွေးကြွအုပ်စုကို ကူညီပေးနေခြင်း မရှိဘူးလို့ ငြင်းထားတဲ့ ပါကစ္စတန်က အိန္ဒိယက တိုက်ခိုက်လာရင် တူညီစွာ တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required