လူနေထိုင်ခြင်းမရှိသော ခြံဝင်းအတွင်း ပုတ်ပွနေသော အလောင်းတစ်ခု တွေ့ရှိ

By ဘုန်းနိုင်ဖြိုး၊
21 February 2019
လူနေထိုင်ခြင်းမရှိသော ခြံဝင်းအတွင်း ပုတ်ပွနေသော အလောင်းတစ်ခု တွေ့ရှိ

မုံရွာ ။ ဖေဖော်ဝါရီ ၂၁ ။       ။စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ထန်တောရပ်ကွက်တွင် လူနေထိုင်ခြင်းမရှိသော ခြံဝင်းတစ်ခုအတွင်း၌ ပုပ်ပွ နေသော အမည်မသိ အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း အမှတ်(၂) မုံရွာနယ်မြေရဲစခန်းမှ သတင်းရရှိသည်။

အဆိုပါ အမည်မသိ အမျိုးသားအလောင်းအား တာဝန်ရှိသူများမှ သတင်းအရသွားရောက်စစ်ဆေးရာ အလောင်းမှာ ပုတ်ပွပြီး ဝဲခြေသလုံးအရိုးပေါ်နေကာ ခြေဖဝါး ပြုတ်ထွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးတွေ့ရှိခဲ့ကြသည်။

အဆိုပါ အမည်မသိအမျိုးသား ပုတ်ပွသေဆုံးမှုနှင့် ပက်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးအရေးယူနိုင်ရန်အတွက် နယ်မြေရဲစခန်းမှူးမှ တရားလိုပြုလုပ်ကာ သေမှုသေခင်း၊ အမှတ်စဉ် (၅/၂၀၁၉)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required