မြန်မာနိုင်ငံရှိ Facebook အသုံးပြုသူများတွင် အသက်၁၈နှစ် မှ ၂၄နှစ် လူငယ်များ အများဆုံးပါဝင်နေ

မြန်မာနိုင်ငံရှိ Facebook အသုံးပြုသူများတွင် အသက်၁၈နှစ် မှ ၂၄နှစ် လူငယ်များ အများဆုံးပါဝင်နေ

ရန်ကုန်၊ဖေဖော်ဝါရီ ၂၀ ။          ။ မြန်မာနိုင်ငံတွင် Facebook  လူမှုကွန်ရက်စာမျက်နှာကို အသက်၁၈နှစ် မှ ၂၄နှစ်အရွယ် လူငယ်များသည်  အများဆုံး အသုံးပြုနေကြောင်း Social Media Develoment Myanmarမှ ထုတ်ပြန်ထားသည်။

 မြန်မာနိုင်ငံတွင် အသက် ၂၅ နှစ်မှ ၃၄ နှစ်အရွယ် Facebook လူမှုကွန်ရက်စာမျက်နှာ အသုုံးပြုသူ အရေ အတွက်သည် ၄၀ ရာခိုင်နှုန်းနီးပါးရှိနေသော်လည်း အသက် ၃၅ နှစ်နောက်ပိုင်း ဖေ့ဘွတ်ခ်အသုုံးပြုသူ ရာခုုိင်နှုန်း နည်းပါးကြောင်း ယင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

" Facebook သုံးတယ်ဆိုတာက ဒီလို လူတစ်ယောက်နဲ့ တစ်ယောက်ပေါ့။ကိုယ်တွေရဲ့ အသိတွေနဲ့  ဆက်သွယ်ရတာပို လွယ်တယ်။ ကိုယ်တစ်ခုခု သိချင်တယ် ဆိုရင်လည်း Facebookမှာ ရိုက်ရှာလိုက်ရင် သိနိုင်တယ်လေ။ အခုက တစ်ခုခု ဆို Facebook ကနေ တစ်ဆင့်နေပြီး သတင်းဘာတွေ သိရတယ်ပိုမြန် တယ်"ဟု အသက် ၂၂အရွယ်ရှိ Facebookလူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူ တစ်ဦးဖြစ်သည့် မတင်နီလာမိုး က ပြောသည်။

အဆိုပါထုတ်ပြန်ချက်တွင် အာဆီယံဒေသတွင်း အသက်အရွယ်အုပ်စုအလိုက် ဖေ့ဘွတ်ခ်လူမှုကွန်ရက် အသုုံးပြုသူ ရာခိုုင်နှုန်းကို လေ့လာ ဆန်းစစ်ထားပြီး မလေးရှား၊ ထိုင်း၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် စင်ကာပူ နိုင်ငံတို့တွင် အသက် ၂၅ နှစ်မှ ၃၄ နှစ်အရွယ် Facebook လူမှုကွန်ရက်စာမျက်နှာ အသုုံးပြုသူ ရာခိုင်နှုန်း မြင့်မားနေကြောင်း သိရသည်။

"Facebook သုံးတာက လူတကာလည်း သုံးနေတာဆိုတော့ ခေတ်မမီမှာစိုးလို့  သုံးတာ။ Facebook ကနေ ကိုယ်သိချင်တာတွေ ကိုရှာရတယ်။တော်တော်များများလည်း ရှာလို့ရတယ် " ဟု အသက် ၁၉နှစ်အရွယ် Facebook အသုံးပြုသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံသည် အခြားအင်တာနက်လူမှုကွန်ရက်များထက် ဖေ့ဘွတ်ခ်လူမှုကွန်ရက်ကုုိသာ ဦးစားပေး သုုံးစွဲ နေသည်ကုုိ အာဆီယံဒေသတွင်း လူမှုကွန်ရက်အသုုံးပြုမှု စစ်တမ်းက ဖော်ပြနေပြီး တွစ်တာ၊ ယူကျူ့၊ အင်စတာဂမ် စသည့် အင်တာနက်လူမှုကွန်ရက်များကုုိ အသုုံးပြုမှုအနေဖြင့် မြန်မာနုုိင်ငံသည် အခြား အာဆီယံ နုုိင်ငံများထက် လျော့နည်းနေသည်။

မြန်မာနုုိင်ငံရှိ အင်တာနက်လူမှုကွန်ရက် အသုုံးပြုသူများတွင် ဖေ့ဘွတ်ခ်အသုုံးပြုမှု ၉၁ ရာခုုိင်နှုန်းကျော်ရှိပြီး YouTube၊ Twitter နှင့် Pinterest အသုုံးပြုမှု ၂ ရာခုုိင်နှုန်းခန့်၊ Tumblr၊ VK နှင့် Instagram အသုုံးပြူမှု တစ်ရာခုုိင်နှုန်းအောက်သာရှိနေကြောင်း အဆိုပါအဖွဲ့မှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required