မဲဆောက် - မြဝတီ နယ်ခြားလမ်းကုန်သွယ်မှု တန်ဖိုးမြင့်တက်

မဲဆောက် - မြဝတီ နယ်ခြားလမ်းကုန်သွယ်မှု တန်ဖိုးမြင့်တက်

အောက်တိုဘာ ၂ ရက် ။          ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ နယ်ခြားလမ်းမှ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် စက်တင်ဘာ ၃၀ တွင်ကုန်သွားသည့် ၂၀၁၅ ဘဏ္ဍာရေးကာလအတွင်း ထိုင်းဘတ်ငွေ ဘီလီယံ ၆၀ ခန်ရှိခဲ့ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်လျင် ၁၂ ရာခိုင်နှုန်းကျော်တိုးတက်လာသည်ဟု ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက် အကောက်ခွန်အရာရှိ ကစ်တိဆူထိဆမ်ဖန်းက အောက်တိုဘာ ၁ ရက်နေ့တွင် ပြော သည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အူချာက နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုကို တနှစ်လျင် ထိုင်းဘတ် ဘီလီယံ ၁၀၀-၂၀၀ အထိတိုးမြှင့်ရန်မူဝါဒချမှတ်ထားကြောင်း ပြောကြားထားသည်ဟု ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာက အောက်တိုဘာ ၁ ရက်တွင် ဖော်ပြသည်။

မဲဆောက်-မြဝတီနယ်စပ်လမ်းသည် နှစ်နိုင်ငံကုန်လမ်းကုန်သွယ်မှုတွင် အဓိကဂိတ်ပေါက်တစ်ခုဖြစ်သည်။ ထို့ပြင် အာရှအရှေ့အနောက် အဝေးပြေးလမ်းကုန်သွယ်မှုအတွက်လည်း အဓိကနေရာတစ်ခု လည်းဖြစ်သည်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ လက်ကိုင်ဖုန်း၊ ဘီယာ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီအို့တင်ပို့ပြီး မြန်မာနိုင်ငံမှ ကျွဲနွား၊ မြေပဲနှင့် တွင်းထွက်ပစ္စည်းများတင်သွင်းကြောင်း ဘန်ကောက်ပို့စ်ကရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly