မြန်မာလက်ရွေးစင် အမျိုးသမီး ယူ ၁၉ အသင်း အိမ်ရှင်ဂျပန်အသင်းနဲ့ တစ်အုပ်စုထဲ ကျရောက်

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ ၁၉ အသင်း အိမ်ရှင်ဂျပန်အသင်းနဲ့ တစ်အုပ်စုထဲ ကျရောက်
Photo-Myanmar Football Federation

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၀ ။              ။ ဂျပန် နိုင်ငံ ဘောလုံးအဖွဲ့ချုပ် JFA ၏ ဖိတ်ခေါ်ပြိုင်ပွဲဖြစ်သော Japan-ASEAN Youth Sports Exchange (Women’s Football)ကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာလက်ရွေးစင် ယူ ၁၉ အမျိုးသမီးအသင်းဟာ အိမ်ရှင်ဂျပန်အသင်းနဲ့ အုပ်စုတစ်စုထဲမှာ ကျရောက်နေပါတယ်။

 အဆိုပါပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုအရ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု (က)မှာ အိမ်ရှင်ဂျပန် ၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်ကလပ် အိုကီနာဝါ ယူ ၁၉ အသင်း တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကို အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အိမ်ရှင်ဂျပန်နိုင်ငံမှ ၃ သင်း၊ အာဆီယံဒေသတွင်း နိုင်ငံများမှ ၇ သင်းဖြင့် ၅ သင်း ၂ အုပ်စုခွဲကာ ကျင်းပသွားမှာဖြစ်ပါတယ်။

 မြန်မာအမျိုးသမီးအသင်းဟာ မတ်လ ၃ ရက်နေ့မှာ ဂျပန်အသင်း၊ မတ်လ ၄ ရက်နေ့မှာ ဂျပန်ကလပ် အိုကီနာဝါ ယူ ၁၉ အသင်း၊ မတ်လ ၅ ရက်နေ့မှာ ထိုင်းအသင်းတို့နဲ့ ၄ ရက်ဆက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

 ယင်းပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ အိုကီနာဝါ တွင် ၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်မှ ၆ ရက်အထိ ကျင်းပရန်စီစဉ်ထားပြီး အာဆီယံဒေသမှ မြန်မာလက်ရွေးစင်ယူ-၁၉ အမျိုးသမီးအသင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် ယူ-၁၉ အမျိုးသမီးအသင်းများ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

 မြန်မာလက်ရွေးစင် ယူ-၁၉ အမျိုးသမီး အသင်းဟာ ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲ ပထမ အဆင့်ကို အောင်မြင်ထားတဲ့ အသင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly