သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၃ )

By မျိုးသန့်(မဇ္စျိမ)
19 February 2019
သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၃ )

4R Health Talk အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ဆက်လက်ဆွေးနွေးသွားမှာကတော့ အထူးသဖြင့်  သွိုင်းရွိုက် ဟော်မုန်း ရောဂါနဲ့ ပတ်သက်ပြီးတော့ အဲဒီရောဂါဌာနရဲ့ ပါမောက္ခဌာနမူး ဖြစ်တဲ့ ဆရာမ ဒေါ်ခင်စောသန်းနဲ့ ဆွေးနွေးတဲ့အခါ သွိုင်းရွိုက် ဟော်မုန်းများရင် သို့မဟုတ်နည်းရင် ဘာဖြစ်တယ်။ ဆောင်ရန် ရှောင်ရန်တွေကို ဆွေးနွေးထားပါတယ်။

 မေး။ ။ သွိုင်းရွိုက်ရောဂါ ဖြစ်ပြီဆိုလို့ရှိရင် အဲ့ဒီလူနာတစ်ယောက်က ဘာလုပ်သင့်သလဲ။

ဖြေ။ ။ သွိုင်းရွိုက်ရောဂါ ဖြစ်ပြီဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ ပြရမယ်၊ သမားတော်ရှိတဲ့ နေရာဆိုရင် သမားတော်။ သမားတော်မရှိတဲ့နေရာဆိုရင်လည်း တတ်ကျွမ်းတဲ့ဆရာဝန်ကို ပြသရပါမယ်။ သွိုင်းရွိုက်ရဲ့ အလုပ်လုပ်တဲ့ စောစောကသွိုင်းရွိုက်ဖြစ်နိုင်တာရဲ့ သူရဲ့ရောဂါ spectrum ခေါ်မှာပေါ့၊ ဖြစ်နိုင်တဲ့ရောဂါတွေ အများကြီး ဒီလည်ပင်းအကျိတ််ကြီးလာပေမယ့်လို့ သူသည် အပျိုဘော်ဝင်ခါစအရွယ်လေးမှာလည်း ဒါက သူက ဟော်မုန်းရဲ့ changes တွေကြောင့် ဒီ ကွိုက်တာလေးက နဲနဲကြီးလာနိုင်တယ်။ အဲ့ဒါကျတော့ သူ့အလုပ်လုပ်တာက ပုံမှန်ပဲ၊ ဒါဆို ဘာမှစိတ်ပူစရာမလိုဘူး ဒီတိုင်းပဲထားလိုက်ရုံပဲ သူ့ဟာသူတစ်ဖြေးဖြေးနဲ့ ပြန်ပြီး ငယ်သွားနိုင်တယ်၊ တစ်ချို့ဟာတွေကျတော့ စောစောကပြောတဲ့ module တွေဖြစ်လာပြီဆိုရင်တော့ အရေးကြီးတာ အဲ့ဒီထဲမှာ သွိုင်းရွိုက် glands သည် တစ်ချို့ဟာတွေက ကင်ဆာလည်း ဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ တတ်ကျွမ်းတဲ့သူနဲ့ သွားပြပြီးတော့ ကင်ဆာဖြစ်နိုင်ခြေရှိမရှိ၊ လိုအပ်ရင် အာလ်ထရာဆောင်း စမ်းကြည့်မယ်၊ အဲ့ဒီလိုမျိုး လိုအပ်ရင် အပ်ကလေးနဲ့ အသားစယူမယ်။ ဒါလေးကလည်း စမ်းသပ်ဖို့လိုတယ်၊ စောစောကပြောတဲ့ auto immune ရောဂါတွေကြောင့်မို့လို့ ဟိုက်ပါသွိုင်းရွိုက်ဖြစ်တာ ဟိုက်ပိုသွိုင်းရွိုက်ဖြစ်တာတွေ ဖြစ်နိုင်တာကနေ ပြီးတော့ စောစောက သွိုင်းရွိုက် module ဒါမှမဟုတ် စောစောက အရည်အိတ်ကလေး ဒီလိုမျိုးရောဂါ spectrum ထဲက မျိုးစုံဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဆရာဝန်နဲ့ သွားပြရမယ်။ အဲ့ဒီအခါမှာဆိုလို့ရှိရင်တော့ သွေးကိုဖောက်ပြီးတော့ သူ့ရဲ့ သွိုင်းရွိုက်ရဲ့ လုပ်ငန်းဆောင်တာတွေက နည်းနေတာလား၊ များနေတာလား စစ်ဆေးတာတွေပါရမယ်၊ နောက်ပြီးလို့ရှိရင် စောစောက အာလ်ထရာဆောင်း ရိုက်ပြီး၊ ဒါတွေက အရည်အိတ်ကလေးလား၊ ဒါမှမဟုတ်ဒါတွေက အသားလုံးလား၊ ဒါမှမဟုတ်လည်း ရိုးရိုးပဲလား ဆိုတဲ့ဟာကို စစ်ဆေးပြီးတော့မှ အဖြေထုတ် ပြီးတော့ ဆရာဝန်က ဘာလုပ်သင့်လဲ ဆိုတာကို ဆက်ပြီးတော့ တကယ်လို့ သူနိုင်တဲ့ဟာဆိုလို့ရှိရင်လည်း ဆရာဝန်သည် GP ပေါ့ ၊ ပြင်ပဆရာဝန်ပဲဖြစ်ဖြစ် လက်ထောက်ဆရာဝန်ပဲဖြစ်ဖြစ် သူတို့ကုသရမယ်၊ သူတို့က လိုအပ်တယ်ဆိုလို့ရှိရင်တော့ သူတို့ အထူးကုဌာနတွေ သမားတော်တွေဆီကို သူတို့က လွှဲပေးပြီးတော့ ဒီသမားတော် အထွေထွေသမားတော်တွေမှာလည်း ကုသလို့ရပါတယ်။

မေး။ ။ ကုသပုံကုသနည်းပေါ့နော်၊ တကယ်လို့ ကျွန်တော်တို့က သွိုင်းရွိုက်ရောဂါရနေပြီ၊ ဆရာဝန်တွေနဲ့လည်း ကုသနေပြီ ဆိုလို့ရှိရင် သူ့အနေနဲ့ရော ဆောင်ဖို့ ရှောင်ဖို့တွေက ဘာတွေရှိလာနိုင်လဲခင်ဗျား ။

ဖြေ။ ။ စောစောက ဟိုက်ပါသွိုင်းရွိုက်ပေါ့နော် ဟိုက်ပါသွိုင်းရွိုက်ဆိုရင်တော့ အဲ့ဒီ ဟိုက်ပါသွိုင်းရွိုက်ဖြစ်နေပြီဆိုတော့ အဲ့ဒီအချိန်မှာ စောစောက အိုင်အိုဒင်း ဆားပေါ့၊ အိုင်အိုဒင်း native ရှောင်လိုက်ပါ၊ ဘာလို့လဲဆိုတော့ ဒီသွိုင်းရွိုက်ဂလင်းက ဟော်မုန်းတွေ အရမ်းထုတ်နေတာ အရမ်းထုတ်နေတဲ့အချိန်မှာ ကျွန်မတို့က အိုင်အိုဒင်း ကို ထပ်ဖြည့်ပေးလိုက်လို့ရှိရင်တော့ မီးလောင်ရာလေပင့် သဘောဖြစ်သွားမှာ၊ သူ့ကို အားဖြည့်ပြီးတော့ ဖြစ်မှာအတွက် အိုင်အိုဒင်း ဆားကိုတော့ အဲ့ဒီအချိန်မှာ ရှောင်ပါ။ ရိုးရိုးအိမ်သုံးဆားကိုပဲ အိမ်မှာသုံးပါဆိုပြီးတော့ သူတို့ကို အကြံဉာဏ်ပေးပါတယ် ကျန်တဲ့အပိုင်းကတော့ စောစောက ပြောသလို ဆေးကို မှန်မှန်ကုသပြီးတော့ မှန်မှန်စစ်ဆေးဖို့လိုပါတယ် ဘာလို့လဲဆိုတော့ ဟိုက်ပါသွိုင်းရွိုက်က ဟိုက်ပိုသွိုင်းရွိုက်နဲ့ မတူဘူး ။ ဆရာဝန်နဲ့မှန်မှန်ပြဖို့ရယ် မှန်မှန်စစ်ဖို့ရယ် ဆရာဝန်ညွန်ကြားတဲ့အတိုင်းကို လိုက်နာပြီးဆေးကို တစ်တွေမသိမ်းတိုက်ဖို့ရယ် စိတ်ရှည်လက်ရှည်နဲ့ ကုသပြီးတော့ လိုက်နာပါလို့ ဆရာမအကြံပေးချင်တယ်။

မေး။ ။ သွိုင်းရွိုက်ရောဂါဖြစ်လို့ရှိရင် ဆေးက ဘယ်လောက်ထိ  သောက်ရမှာလည်းခင်ဗျာ။

ဖြေ။ ။ ဆရာမ စောစောက ပြောတာကတော့ တစ်ချို့ဆို ၉လ၊ တစ်ချို့ဆို တစ်နှစ်၊ တစ်နှစ်ခွဲ ကုတယ် ပျောက်သွားတယ် အိုကေ။ သူက ပြန်ကို မဖြစ်တော့ဘူး။ ပြီးသွားတယ် ကောင်းသွားတယ် အဲ့ဒီလိုတွေရှိတယ်။ တစ်ချို့ကျတော့ ဖြစ်တယ်၊ တစ်နှစ်၊ တစ်နှစ်ခွဲ ဆရာမတို့က ကောင်းပြီဆိုပြီး ရပ်လိုက်တယ် ရပ်လိုက်တဲ့အချိန်မှာ ပြန်ပြီးတော့ တစ်နှစ်အတွင်းမှာ ပြန်ပြီးတော့ ၅၀ ရာနှုန်း ပြန်ဖြစ်တာတွေရှိတယ်။ အဲ့ဒီအခါကျလို့ရှိရင် ဆရာမတို့ နဲနဲခပ်ရှည်ရှည် နှစ်နှစ် သုံးနှစ်အဲ့ဒီလိုကုရတာတွေ ရှိတယ်၊ ဒါပေမယ့် တစ်ချို့ရာခိုင်နှုန်းတွေကကျတော့လည်း အဲ့ဒီလို့ သုံးလေးနှစ်မကပဲ လေးငါးခြောက်နှစ်ဆက်ပြီးတော့ မိန်တင်းနက် ဆက်ပြီး မှေးပြီး ကုရတာမျိုးရှိတယ်။ သူက ရပ်လိုက်တာနဲ့ သုံးလေးငါးလက ကောင်းတယ် ပြီးလို့ရှိရင် နဲနဲပြန်ဖြစ်လာရော အဲ့ဒီလိုလူတွေကတော့ တစ်ချို့ဆို ငါးနှစ်လောက် ခြောက်နှစ်လောက် ဆက်သောက်နေရတာတွေရှိတယ်ပေါ့၊ တစ်ချို့ရာခိုင်နှုန်းက အုပ်စုအမျိုးမျိုးရှိပါတယ် သူ့တစ်ဦးချင်းရဲ့ လိုအပ်ချက်ကို လိုက်ပြီး ဆရာမတို့က ကုသတယ်။

မေး ။ ။ ဆရာမကြီးက ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆီးချိုနဲ့ ဟော်မုန်းဌာနမှာ ပါမောက္ခဌာနမူးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ဘယ်နေ့မှာ ပြသလို့ ရမလည်းဆိုတာ သိပါရစေ။

ဆရာမ။ ။ ကျွန်မတို့ ဆေးရုံကြီး ဟော်မုန်းဌာနရဲ့ ပြင်ပလူနာဌာပေါ့ ဟော်မုန်းရောဂါ သွိုင်းရွိုက်ကိုတော့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း ကိုးနာရီ စချိန်ဆိုတော့ ရှစ်နာရီလောက်လာပြီး ပြသလို့ရပါတယ် ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာန ဗုဒ္ဓဟူးနေ့ မနက် ကိုးနာရီဖြစ်ပါတယ်။

မေး။ ။ နောက်ထပ် ကျွန်တော်ထပ်ပြီးတော့ ဖြည့်မေးပါရစေခင်ဗျား။ ခုနဆရာမပြောသွားတဲ့အထဲမှာ ဟော်မုန်းရောဂါကို ကုသတာတွေလည်း ပြောခဲ့ပြီးပြီဆိုတော့ ဆေးသောက်နေတဲ့အတွက် ဘေးထွက်ဆိုးကျိုးက ဘာရှိလဲ။ ပြီးလို့ရှိရင် ကျွန်တော်တို့ ဆောင်ရန် ရှောင်ရန်လေးတွေက ဘာတွေဖြစ်မလဲခင်ဗျား။ ဆေးသောက်နေစဉ်အတွင်းမှာပေါ့နော်။

ဖြေ။ ။ ဆေးသောက်နေစဉ်ကာလမှာကျတော့ ဘေးထွက်ဆိုးကျိုးက ဟိုက်ပါသွိုင်းရွိုက်ပေါ့နော် အဖြစ်ပိုများတဲ့ဟာက ဟိုက်ပါသွိုင်းရွိုက်ပေါ့၊ ဟို်က်ပါသွိုင်းရွိုက်က ကျွန်မတို့ အသုံးများ  တဲ့ဆေးတွေရှိတယ်။ သူတို့သည် အနည်းကျဉ်း ရာခိုင်နှုန်းပေါ့ အဲဒီ ရာခိုင်နှုန်းက တော်တော်နဲတယ်။ တစ်ခါတစ်လေ အသဲကိုသွားပြီးတော့ ထိခိုက်တတ်တာရှိတယ်၊ ဒါကြောင့်မို့ ကျွန်မတို့တွေ များသောအားဖြင့် ဒီဆေးတွေ စမပေးခင်မှာကတည်းက အသဲရောဂါရှိမရှိ အသဲလုပ်ငန်းဆောင်တာ ကောင်းမကောင်း base line တွေ ကျွန်မတို့ စစ်ပါတယ်။ စစ်ပြီးတော့မှ လူနာတွေကိုတော့ ပြောလိုက်တယ်၊ မျက်လုံးဝါလာတာရှိရင် ပျို့တာအန်တာရှိရင် ပြောပါ ဆိုပြီးတော့ ပြောတယ်။ ဒါပေမယ့် တွေ့ရခဲပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ အဲ့ဒါကြောင့် ဆေးတစ်မျိုးကြောင့် အသဲရောင်တယ် ဆိုလို့ရှိရင် ဆရာမတို့က နောက်ဆေးတစ်မျိုးကို ပြောင်းလဲလိုက်တော့မယ်၊ ဒီဆေးနဲ့ ဆက်မကုတော့ဘဲ အသဲကို အရင်ကုတယ်။ ကုပြီးတော့ နောက်ဆေးတစ်မျိုးကို ပြောင်းလိုက်တယ် နောက်တစ်ခုကကျ ဘာဖြစ်လဲ ဆိုလို့ရှိရင် ကာရီမိုက်ဇော ဆိုတဲ့ ဆေးက   သွေးဖြူဥလေးတွေကို သွားပြီးတော့ ဖိနှိပ်တယ် အဲ့ဒါကြောင့်မို့လို့ သွေးဖြူဥလေးတွေနည်းသွားတယ်၊ နည်းသွားတဲ့အခါမှာစောစောက အာသီးရောင်မယ် အဖျားတက်မယ် အဲ့ဒီလိုဖြစ်ပြီးတော့ ရောက်လာတတ်တယ်။ အဲ့ဒါကြောင့် လူနာတွေကိုလည်း ဒါလည့် ဆရာမတို့က ဆေးမစခင်မှာဆိုလို့ရှိရင် သွေးဖြူဥ သွေးနီဥတွေ ဘယ်လိုနေလဲ base line စစ်ထားတယ်၊ နိုင်ငံခြားမှာဆိုရင်တော့ ဒါတွေကို တစ်လတစ်ခါ စစ်ကြည့်မယ်၊ နောက်ဆို သုံးလ တစ်ခါစစ်မယ်၊ ဆရာမတို့ ဒီမှာကျတော့ ဝေးနေတဲ့လူတွေ လူက အမြဲတမ်းစစ်ဖို့ ဆိုတာလည်း နေရာတိုင်းမှာ ဓာတ်ခွဲခန်း အလွယ်တကူမရှိဘူး အဲ့ဒီအခါကျရင် ဆရာမတို့က လူနာကို အင်ဖော်မေးရှင်းပေးလိုက်တယ် ဒီဆေးသောက်နေစဉ်ကာလမှာ အာသီးတွေခဏခဏနာလာမယ် အဖျားတွေအရမ်းကြီးပြီ ဆိုလို့ရှိရင်တော့ နီးစပ်ရာဆရာဝန်ပြပါ၊ ဒါဆိုလို့ရှိရင် ဆရာမတို့က သွေးဖြူဥစစ်ကြည့်လို့နဲတယ်ဆိုလို့ရှိရင်တော့ ဆေးကို ရပ်ပြီးတော့ စောစောကလို အချိန်စောင့်၊ စောင့်ပြီးလို့ရှိရင် ဆရာမတို့က ပြန်ပြီးတော့ နောက်ထပ်ဆေးတစ်မျိုးနဲ့ အစားထိုးလုပ်ရမယ် ဒါမှမဟုတ်လို့ရှိရင်လည်း ဒီဆေးကိုမှ တော်တော်ကြီးမဖြစ်ဘူးဆိုလို့ရှိရင်တော့ ဆရာမတို့ အခြားကုသနည်းတွေဖြစ်တဲ့ လည်ပင်းအကျိတ်ကိုပဲ ခွဲစိတ်မလား၊ ဒါမှမဟုတ်ရင် အနုမြူရောင်ခြည်ဆေးသောက်တဲ့ဟာ ကုသမလားပေါ့နော် ဆရာမတို့ကလည်း အစကတည်းက ဒီရောဂါဖြစ်ပြီ ဆိုလို့ရှိရင် လူနာကို ချပြပါတယ်။ ဒီကဆေးနဲ့ကုသတဲ့နည်းရှိတယ် ခွဲစိတ်ကုသတဲ့နည်းရှိတယ် အနုမြူရောင်ခြည်ဆေးသောက်တဲ့နည်းရှိတယ်ပေါ့။ ဒါပေမယ့် ကုသနည်းတိုင်းမှာ သူ့ဟာသူ ဘေးထွက်ဆိုးကျိုး၊ ကောင်းတာလေးနဲ့ ဆိုးတာတွေရှိတယ်။ စောစောက သောက်ဆေးက ဘေးထွက်ဆိုးကျိုးရှိတယ် ဆိုပေမယ့် ဖြစ်တဲ့ ကြားထဲမှာတော့ အလွန်နဲတယ်၊ အလွန်နဲတဲ့အခါကျတော့ ဆရာမတို့က အများစုက သောက်နေတဲ့အချိန်မှာလည်း ဘာမှ ပျို့ခြင်းမရှိတဲ့အတွက်   လူနာတွေက   နားလည်တယ်ဆိုလို့ရှိရင်တော့ သေသေချာချာလည်း လိုက်သောက်တယ် ဘာမှလည်း ဘေးထွက်ဆိုးကျိုးမရှိဘဲနဲ့ ဖြစ်တယ်။ မကောင်းတဲ့ဟာက ဘာလဲဆို   ပြန်ပြီး ဆေးရပ်လိုက်တဲ့အချိန်မှာ ပြန်ဖြစ်နှုန်းများလာတယ်၊ အနုမြူရောင်ခြည်ဆေးက တစ်ချို့နိုင်ငံမှာကျတော့ အနုမြူရောင်ခြည်ဆေးကို ပိုပြီးသုံးတာများတယ် ဒါပေမယ့်လို့ အဲ့ဒါကတော့ သောက်နေစဉ်ကာလမှာကျတော့ ကိုယ်ဝန်ဆောင်မယ်ဆို မသင့်တော်ဘူး အဲ့ဒီတော့ မိသားစု ကလေးတွေလည်း အကုန်ယူပြီးသွားပြီ ဘာမှကလေးယူဖို့ အစီအစဉ်လည်းမရှိဘူး ဒီလိုမျိုးဆိုရင်တော့ အနုမြူရောင်ခြည်ဆေးတွေ သောက်တာက ကောင်းတယ်၊ ဒါပေမယ့် သူသောက်လိုက်ပြီးရင် နောက်ပိုင်းမှာ ဒီရောဂါပြန်မဖြစ်အောင် လုံလောက်တဲ့ဗမာဏကို ကျွေးပြီးတော့ လုပ်လိုက်မယ် ဆိုလို့ရှိရင်တော့ တစ်ချိန်မှာတော့ သူ့ရဲ့ သွိုင်းရွိုက်ဂလန်းတွေက အားနဲသွားပြီးတော့ ဟော်မုန်းနဲတဲ့ရောဂါဖြစ်သွားနိုင်တယ်ဆိုတော့ လူနာကို အသိပေးလိုက်ဖို့ လိုတယ်။ နောက်ပြီး အဲ့ဒီလူနာက တကယ်လို့ စောစောက ဆရာမပြောတာကျန်သွားတာပေါ့နော် ဂရစ်ရောဂါမှာဆိုရင် စောစောက နှလုံးတုန်တာတို့ ဝမ်းရှောတာအပြင် ဘာဖြစ်လဲဆိုရင် မျက်လုံးက ပြူးထွက်လာတာမျိုး မျက်လုံးပြူးနေတာမျိုးတွေ မျက်လုံးစပ်တာတို့ တစ်ခါကြည့်လိုက်လို့ရှိရင် နှစ်ထပ်မြင်တာတို့ ဒါမျိုးတွေ ဖြစ်တတ်တယ် အဲ့ဒီလိုသွိုင်းရွိုက်နဲ့ ပတ်သက်တဲ့ မျက်လုံးရောဂါများတဲ့လူမှာ ဆိုလို့ရှိရင်စောစောက အနုမြူရောင်ခြည်ဆေးစားလိုက်တဲ့အချိန်မှာ မျက်လုံးပိုဆိုးလာတတ်တယ် ဒီလိုမျိုးပေါ့။ ကုသနည်းထဲမှာ ဘယ်လိုကောင်းတာရှိတယ် ဘယ်လိုဆိုးတာရှိတယ် ဒါပေမယ့် သူက ခဏခဏတော့မဟုတ်ဘူး သူစားပြီးလို့ရှိရင် လုံလောက်သွားရင်တော့ ပြန်ပြီး ခဏခဏဆေးကုစရာမလိုတော့ဘူး ကောင်းတယ်၊ ခွဲစိတ်တာကျတော့လည်း ကျွမ်းကျင်တဲ့ဆရာလက်ထဲမှာ ဘာမှတော့ ဖြစ်စရာမရှိဘူး ဒါပေမယ့် တစ်ခါတစ်လေ အခန့်မသင့်တဲ့အချိန်မှာ ဒီရောဂါ percentage နဲနဲလေးက ဘာဖြစ်သွားတာလဲဆို အစောက အသံအိုးလေး နဲနဲထိတယ် တစ်ချို့မိန်းကလေးတွေက ဥပမာဆိုလို့ရှိရင် ဒီလည်ပင်း အသံနဲ့လုပ်မယ့် အဆိုတော်တွေ ကျောင်းဆရာမတွေ နောက်တစ်ခါဒီမှာ အနာရွတ်ကြီးကို လုံးဝ အထင်မခံတဲ့ လူမျိုးတွေရှိတယ်။ ဒီလိုလူမျိုးတွေကတော့ ခွဲစိတ်နေရမှာ မသင့်တော်ဘူးပေါ့နော်၊ ဒါပေမယ့် ခွဲစိတ်တာပဲဖြစ်ဖြစ် စောစောက အနုမြူရောင်ခြည်ဆေးစားတာပဲဖြစ်ဖြစ်ကတော့ ဆရာမတို့ ဆေးလေးနဲ့ အရင်ဆုံး သွိုင်းရွိုက်ဟော်မုန်းလေးကို ဖိနှိပ်ထားလိုက်ရမယ် ပြီးမှသာ နဲနဲလေးငြိမ်သွားတဲ့အချိန်တွေမှာ စောစောက ခွဲတယ် ဆေးစားတယ်ဆိုရင်တော့ ပိုပြီးသင့်တော့တယ်၊ မဟုတ်လို့ရှိရင် သေချာ prepair မလုပ်လိုက်ဘူးဆိုရင်တော့ စောစောကပြောတဲ့ crisis ဆိုတာမျိုး သွိုင်းရွိုက်   ဆိုတာမျိုးက ဖြစ်တတ်ပါတယ်။    ။

သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၁ )  အပြည့်အစုံ - http://www.mizzimaburmese.com/article/54588

သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၂ )  အပြည့်အစုံ - http://www.mizzimaburmese.com/article/54648

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required