ဝုလ်ဗ် - မန်ယူ၊ ဆွမ်ဆီး - မန်စီးတီးတို့ တွေ့ဆုံတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်များ

ဝုလ်ဗ် - မန်ယူ၊ ဆွမ်ဆီး - မန်စီးတီးတို့ တွေ့ဆုံတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်များ
Photo: FA

တနင်္လာနေ့က အက်ဖ်အေဖလား ပဥၥမအဆင့်ပွဲစဉ်တွေ ပြီးဆုံးခဲ့ပြီးနောက်မှာတော့ ကွာတားဖိုင်နယ်ပွဲစဉ်တွေအတွက် အတွဲအဖက်တွေ ပေါ်ထွက်လာပြီဖြစ်ပါတယ်။

လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်ယူအသင်းက ကွာတားဖိုင်နယ်အဆင့်မှာ ဝုလ်ဗ်အသင်းရဲ့ အိမ်ကွင်းကို သွားရောက် ကစားရမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးကတော့ ကွာတားအဆင့်မှာလည်း ပွဲချောင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးစီးတီးနဲ့ အဝေးကွင်းမှာ ကစားရပါမယ်။

နောက်ထပ်အတွဲတွေကတော့ မီဝေါလ်အသင်းက အိမ်ကွင်းမှာ ဘရိုက်တန်နဲ့ ဝက်ဖို့ဒ်အသင်းက ခရစ္စတယ်လ်ပဲလေ့စ်ကို အိမ်ကွင်းမှာ အသီးသီး လက်ခံကစားကြမှာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်တွေကို မတ်လ ၁၅-၁၈ ရက်တွေမှာ ကစားကြမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းတွေကတော့ ဆုကြေးငွေ ပေါင် ၇၂၀,၀၀၀ ရရှိမှာဖြစ်ပါတ်။

ကွာတားဖိုင်နယ်ပွဲစဉ်များ

ဆွမ်ဆီးစီးတီး - မန်စီးတီး
ဝက်ဖို့ဒ် - ခရစ္စတယ်လ်ပဲလေ့စ်
ဝုလ်ဗ် - မန်ယူ
မီဝေါလ် - ဘရိုက်တန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags