အင်းတော်မြို့တွင် ငွေကျပ် သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

အင်းတော်မြို့တွင် ငွေကျပ် သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
ဓာတ္ပံု - CCDAC Myanmar

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ။       ။    အင်းတော်မြို့နယ်တွင် ငွေကျပ်သိန်း ၈၆ဝတန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ် ၅၈၅သိန်း တန်ဖိုးရှိ စိတ်ကြွ ရှုးသွပ်ဆေးများအပါအဝင် စုစုပေါင်းတန်ဖိုးကျပ်သိန်း ၁၄၄၅သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ထိန်းချုပ်ရေးဗဟိုကော်မတီမှ သိရသည်။

ဖေဖော်ဝါရီ ၁ရရက်နေ့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၆) ကသာမှ တပ်ဖွဲ့ဝင်များသည် သတင်းအရသက်သေများနှင့်အတူ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ကားလမ်းနှင့် နန့်မကျိုင်းကျေးရွာ ကားလမ်း လမ်းဆုံတွင် အင်းတော်မြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာတွင် နေထိုင်သော  အသက်(၄၇) နှစ် အရွယ်ရှိ ယာဉ်မောင်း ဇော်ဘောက်(ခ)မာဒီး မောင်းနှင်လာသည့် မော်တော် ယာဉ်အားရပ်တန့်စစ်ဆေး ရှာဖွေရာခဲ့ရာ မူးယစ်ဆေးဝါးများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မော်တော်ယာဉ််ပေါ်တွင် ရောင်စုံဆပ်ပြာခွက် ၈၆ ခွက်ဖြင့် သိုဝှက်သယ်ဆောင် ထည့်ထားသည့် ဒေသကာလပေါက်စျေးကျပ် သိန်း၈၆၀ တန်ဖိုးရှိသည့် ဘိန်းဖြူအလေးချိန် ၈၆၀ ဂရမ်၊  ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် ဒေသကာလပေါက်စျေးငွေကျပ် ၅၈၅ သိန်းတန်ဖိုးရှိသော စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၇၀၀ ပြား နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစါသည်။

အဆိုပါ ဖမ်းဆီးရမိသူကို အင်းတော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါး များ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required