Line Walker - 2 ရုပ်ရှင် ဇာတ်ကားဇာတ်ဝင်ခန်းအချို့ စတင်ရိုက်ကူး

By သက်ကို၊ သူရ
18 February 2019
Line Walker - 2 ရုပ်ရှင် ဇာတ်ကားဇာတ်ဝင်ခန်းအချို့ စတင်ရိုက်ကူး
ဓာတ်ပုံ-သက်ကို၊သူရ/မဇ္ဈိမ

ဖေဖော်ဝါရီ ၁၈ ။           ။ ဟောင်ကောင် Shaw Brother Pictures International Co.,Ltd မှ ရိုက်ကူးတဲ့ Line Walker - 2 ရုပ်ရှင် ဇာတ်ကားဇာတ်ဝင်ခန်းအချို့ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံစေတီ အရှေ့ဘက်မုခ်အနီး ရေတာရှည်လမ်းအတွင်း ရိုက်ကူးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက် နံနက်ပိုင်းက ရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းအချို့တွင် မြန်မာနိုင်ငံမှ သရုပ်ဆောင် အောင်မြင့်မြတ် နှင့် လင်းအောင်ခေတ်တို့လည်း ပါဝင်သရုပ်ဆောင်နေတာကို တွေ့ရပြီး ဇာတ်လမ်း၊ ဇာတ်ဝင်ခန်း အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်း မရှိပါဘူး။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်လည်း မဟာဗန္ဓုလပန်းခြံလမ်း၊ City Star ဟိုတယ်အနီးမှာ အစမ်း ရိုက်ကူးခဲ့ပါသေးတယ်။

Line Walker ဇာတ်ကားကို ၂၀၁၄ ခုနှစ်က ရိုက်ကူးခဲ့ပြီး မှုခင်းအခြေခံ ဒရာမာအက်ရှင်ကားဖြစ်ပြီး တရုတ် စကားပြောရုပ်ရှင်ကား ဖြစ်ပါတယ်။ Michael Miu၊ Charmaine Sheh၊ Raymond Lam တို့ အဓိက သရုပ်ဆောင်ပြီး ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟောင်ကောင်ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နဲ့ ၂၆ ရက်အထိ ရိုက်ကူးရေး ပြုလုပ်သွားမှာ ဖြစ်ပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ  မဟာဗန္ဓုလပန်းခြံလမ်းအနီးမှာ ရိုက်ကူးမှာဖြစ်ပြီး ၂၂ ရက်မှ ၂၆ ရက်အထိ ဆူးလေဘုရားလမ်းတွင် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

အဲဒီရိုက်ကူးတဲ့နေ့တွေမှာ လမ်းပိတ်ခြင်း ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်း ရေး ကြီးကြပ်မှုကော်မတီမှ  ထုတ်ပြန်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly