မြိတ်မြို့တွင် ခရီးသည်တင် လှေ တစ်စီး မီးလောင်မှုဖြစ်ပွား

မြိတ်မြို့တွင် ခရီးသည်တင် လှေ တစ်စီး မီးလောင်မှုဖြစ်ပွား
 ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဖေဖော်ဝါရီ (၁၈) ။           ။ မြိတ်မြို့၌ မြစ်အတွင်းကျောက်ချရပ်နားထားသော ခရီးသည်တင်စက်လှေ တစ်စီးမီးလောင်မှုတစ်ခု ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်း ၁ နာရီခွဲ အချိန်က ဖြစ်ပွားခဲ့သည်။

 အဆိုပါ ခရီးသည်တင် စက်လှေသည် (Golden Sky) ဟိုတယ်မှ ဦးသားသား ပိုင်ဆိုင်သည့် အလျား (၅၂) ပေ၊ အနံ (၁၁) ပေရှိလှေဖြစ်ပြီး ဆိပ်ငယ်ရပ်ကွက်ရှိ ဆိပ်ငယ်ဘောတံတား (ဆိပ်ကမ်း) အနီးတွင် ရပ််နားထားစဉ် ဘတ္ထရီအိုးမှ တဆင့်ဝါယာကြိုး ရှော့ဖြစ်ကာ မီးလောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာန ရုံးထံမှ သိရ သည်။

“မီးလောင်မှုဖြစ်စဉ်က စက်ခန်းထဲမှာ သုံးတဲ့ ဘတ္ထရီအိုး အငုတ်ကို အပေါင်း- အနုတ်နဲ့ မှားပြီး ကြိုးတပ်ဆင်ရာမှ ရှော့ဖြစ်ပြီးမီးလောင်တာ ဖြစ်ပါတယ်၊ လူအသေအပျောက်တော့မရှိပါဘူး။ ဆုံးရှုံးမှု တန်ဖိုးကတော့ စုစုပေါင်း (၇၀၀၀၀၀) ကျပ် ရှိပါတယ်”ဟု မြိတ်ခရိုင်မှ မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။

 အဆိုပါ သတင်းအား ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်း ၁ နာရီခွဲ အချိန်တွင် ပြည်သူတစ်ဦးမှ ဆိုင်ကယ်ဖြင့် လာရောက်သတင်း ပေးပို့သဖြင့် မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း အပါဝင် သန္ဓေတပ်ဖွဲ့ဝင် (၂၆) ဦး အရန်မီးသတ် တပ်ဖွဲ့ဝင် (၁၅) ဦး စုစုပေါင်း (၄၁) ဦး၊ မြိတ်မြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁) စီး၊ ရေသယ်ယာဉ် (၂) စီး၊ အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၂) စီး စုစုပေါင်း (၆) စီး၊ အပေါ့စား မီးသတ်စက် (၂) လုံး၊ ပုဂ္ဂလိက စက်လှေ (၂) စီးတို့ဖြင့် သွားရောက် ငြ်ိှမ်းသတ်ခဲ့ရာ ၂ နာရီ အချိန် တွင် မီးထိန်းနိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် စက်လှေ ပေါင်းမိုး (၁) ခု ၊ ဘတ္ထရီ အိုး (၂) လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး၊ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်(၇၀၀၀၀၀ိ/-) ခန့် ဖြစ်ပါသည်။

အဆိုပါမီးလောင်မှုတွင် တာဝန်ရှိသူဖြစ်သော စက်ဆရာ ဦးလှိုင်ထွန်း (ဘ) ဦးလှိုင်တင်၊ အသက် (၄၂)ကို မြိတ်မြို့မရဲစခန်းမှ(ပ)/ ၅၀၀ /၂၀၁၉ ပုဒ်မ (၂၈၅) ဖြင့် အရေးယူထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly