တရုတ်နှစ်ကူးအထိမ်းအမှတ်အဖြစ် ထိုင်ဝမ်စုံတွဲများ ကုန်းပိုးကာ အပြေးပြိုင်

တရုတ်နှစ်ကူးအထိမ်းအမှတ်အဖြစ် ထိုင်ဝမ်စုံတွဲများ ကုန်းပိုးကာ အပြေးပြိုင်

ဖေဖော်ဝါရီ ၁၈  ။       ။   ယမန်နေ့က ထိုင်ဝမ်၊ ရိလန်စီရင်စု၊ ဝူကျယ်မြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတွေစုပေါင်းပြီး တရုတ်နှစ်ကူးအထိမ်းအမှတ်ပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအထိမ်းအမှတ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လင်မယားစုံတွဲ ၁၂ တွဲရှိခဲ့ကြောင်း သိရှိရပါတယ်။

ပထမအဆင့်အနေနဲ့ ယောကျ်ားဖြစ်သူဟာ ၎င်းရဲ့ ကျောပေါ်မှာ တပ်ထားတဲ့ ထိုင်ခုံပေါ်မှာ မိန်းမဖြစ်သူကို ထိုင်စေပြီး ကုန်းပိုးကာ အပြေးပြိုင်ရတာဖြစ်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ ယောကျ်ားဖြစ်သူက ၎င်းရဲ့ကျောပေါ်က ထိုင်ခုံကို ပြန်ဖြုတ်ပြီး မိန်းမဖြစ်သူကို ကုန်းထပ်ပိုးကာ မိန်းမဖြစ်သူက ပူပေါင်းတွေကို လိုက်ဖောက်ရတာဖြစ်ပါတယ်။

တတိယအဆင့်မှာတော့ ယောကျ်ား၊မိန်းမ နှစ်ယောက်ပေါင်းပြီး တွဲတပ်ထားတဲ့ ခုံဖိနပ်နှစ်ရန်ကို ရှေ့ဆင့်နောက်ဆင့်စီးကာ လမ်းလျှောက်ကြရတာဖြစ်ပါတယ်။

ယောကျ်ားဖြစ်သူက မိန်းမဖြစ်သူကို ထိုင်ခုံပေါ်မှာ ထိုင်စေပြီး ကုန်းပိုးတဲ့ ဓလေ့ဟာ ထိုင်ဝမ်အရှေ့ကျွန်းဆွယ်မှာ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဓလေ့က ဆင်းသက်လာတာဖြစ်ပြီး အဆိုပါမျိုးနွယ်စုဝင်တွေရဲ့ မင်္ဂလာပွဲမှာ သတို့သားက သတို့သမီးကို ကုန်းပိုးလေ့ရှိကြောင်း သိရှိရပါတယ်။

ယင်းကဲ့သို့ ကုန်းပိုးတာဟာ သတို့သားအနေနဲ့ သတို့သမီးကို ရာသက်ပန် တာဝန်ယူစောင့်ရှောက်နိုင်တယ်ဆိုတာကို သတို့သမီးမိဘတွေကို သက်သေပြလိုက်တာပဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required