ဖမ်းမိထားတဲ့ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေအား ပြန်လက်ခံဖို့ ဥရောပနိုင်ငံတွေကို ဒေါ်နယ်ထရမ့် တိုက်တွန်း

ဖမ်းမိထားတဲ့ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေအား ပြန်လက်ခံဖို့ ဥရောပနိုင်ငံတွေကို ဒေါ်နယ်ထရမ့် တိုက်တွန်း

ဖေဖော်ဝါရီ ၁၈ ။     ။     ဆီးရီးယားနိုင်ငံမှာ ဖမ်းဆီးရမိထားတဲ့ အိုင်အက်စ်သစ္စာခံ စစ်သွေးကြွတွေကို တာဝန်သိစွာ ပြန်လည်လက်ခံခေါ်ယူကြဖို့ ဥရောပမဟာမိတ် နိုင်ငံတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၇ ရက်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အိုင်အက်စ်လို့ သိကြတဲ့ အစွန်းရောက်အကြမ်းဖက်အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက ဆီးရီးယားနဲ့ အိမ်နီးချင်း အီရတ် နိုင်ငံတွင်းရှိ ဒေသတော်တော်များများမှာ ချုပ်ကိုင်စိုးမိုးထားခဲ့သော်ငြား ယင်းနောက်ပိုင်း တစ်ဖြည်းဖြည်းချင်း အင်အားဆုတ်ယုတ်လာခဲ့ကာ ယခုအခါ အီရတ်နယ်စပ်ရှိ နယ်မြေ အပိုင်းငယ်တစ်ခုမှာသာ စိုးမိုးထားနိုင်ပါတော့တယ်။

ယခုအခါ အမေရိကန်ထောက်ခံထားတဲ့ ကာ့ဒ် ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် အင်အားစု SDF တွေကတော့ ယင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့အတွက် တိုက်ခိုက်ပေးထားခဲ့တဲ့ နိုင်ငံခြားသား ရာချီကို ဖမ်းဆီးထိန်းသိမ်းထားရလျက် ရှိပါတယ်။ ယင်း ထိန်းသိမ်းခံ အိုင်အက်စ်သစ္စာခံ နိုင်ငံခြားသားတွေထဲမှာ ၎င်းတို့နဲ့ ဆက်နွယ်ပတ်သက်တဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေလည်း ပါဝင်နေလျက် ရှိပါတယ်။

၎င်း ထိန်းသိမ်းခံ အိုင်အက်စ်သစ္စာခံ တိုက်ခိုက်ရေးသမားတွေကို သက်ဆိုင်ရာ မူလနိုင်ငံတွေက ပြန်လည် ခေါ်ယူကြဖို့ ဆီးရီးယား ကာ့ဒ် တွေက ထပ်တလဲလဲ တောင်းဆိုခဲ့သော်ငြား သက်ဆိုင်ရာ ဥရောပနိုင်ငံတွေကတော့ ပြန်လည် ခေါ်ယူလိုခြင်း မရှိဟန် ပြနေခဲ့ကြပါတယ်။

ယခုအခါ ဆီးရီးယားကနေ အမေရိကန် တပ်တွေ ဆုတ်ခွာတော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာက ထရမ့်က ရှောင်တခင် ကြေညာပြီးနောက် အထက်ပါကိစ္စဟာ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။

" ဆီးရီးယားမှာ ကျွန်တော်တို့ ဖမ်းမိပြီးထိန်းသိမ်းထားရတဲ့ အိုင်အက်စ် တိုက်ခိုက်ရေးသမား ၈၀၀ ကျော်ကို ပြန်လက်ခံဖို့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ တစ်ခြား ဥရောပ မဟာမိတ်တွေကို အမေရိကန်အနေနဲ့ တောင်းဆိုတိုက်တွန်းလိုပါတယ်" ဆိုပြီး ထရမ့်က ဖေဖော်ဝါရီ ၁၇ ရက်က တွစ်တာကနေတဆင့် ပြောကြားသွားခဲ့ပါတယ်။

Take back jihadists, Trump tells Europe in Tweet

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required