ဂျာမနီမှာ Smurf ဇာတ်ကောင်တွေအတိုင်း အပြာရောင်ဝတ်စုံတွေကို လူထောင်ချီ ဝတ်ဆင်ပြီး ကမ္ဘာ့စံချိန်တင်ရန် ကြိုးပမ်း

ဂျာမနီမှာ Smurf ဇာတ်ကောင်တွေအတိုင်း အပြာရောင်ဝတ်စုံတွေကို လူထောင်ချီ ဝတ်ဆင်ပြီး ကမ္ဘာ့စံချိန်တင်ရန် ကြိုးပမ်း

ဖေဖော်ဝါရီ ၁၇ ။             ။ ဘယ်လ်ဂျီယံ ကာတွန်းဆရာ Peyo ဖန်တီးခဲ့ပြီး Smurf လို့သိကြတဲ့ အသည်းယားစရာ သေးငယ်တဲ့ အပြာရောင် အကောင်ငယ်လေးတွေအတိုင်း ဝတ်ဆင်ပြီး လူဦးရေ အများဆုံး တစ်နေရာထဲမှာ စုဝေးမှု အဖြစ် စံချိန်မှတ်တမ်းတစ်ခုတင်နိုင်ဖို့ ဂျာမနီနိုင်ငံမှာ လူပေါင်းထောင်ချီတို့ အတူတကွ ကြိုးပမ်းခဲ့ကြပါတယ်။

ယင်း ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးပမ်းမှုကိုတော့ ဖေဖော်ဝါရီ ၁၆ ရက်က ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဂျာမနီနိုင်ငံ Lauchringen မြို့မှာ လူပေါင်း ၂,၇၆၂ ဦးလောက်က အဆိုပါ smurf ဇာတ်ကောင်လေးတွေအတိုင်း အပြာရောင် ဝတ်စုံတွေ ကိုယ်စီဆင်မြန်းပြီး ကမ္ဘာ့ စံချိန်တင်နိုင်ဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။

နာမည်ကျော် The Smurfs animated series တွေ ပါဝင်ခဲ့တဲ့ smurf ကောင်လေးတွေကတော့ သစ်တောထဲက မှိုပွင့်ပုံစံ အိမ်တွေမှာ နေထိုင်ကြတဲ့ သေးငယ်တဲ့ အပြာရောင် လူသားပုံစံ အကောင်ငယ်လေးတွေ ဖြစ်ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required