ဖိလစ်ပိုင်မှာ ဝက်သက် ဖြစ်ပွားမှုနှုန်း မြင့်တက်နေ

ဖိလစ်ပိုင်မှာ ဝက်သက် ဖြစ်ပွားမှုနှုန်း မြင့်တက်နေ

ဖေဖော်ဝါရီ ၁၇ ။             ။ ကာကွယ်ဆေးအပေါ် ယုံကြည် အားကိုးသူ နည်းပါးခြင်းနဲ့အတူ ဖိလစ်ပိုင်မှာ ဝက်သက် ဖြစ်ပွားမှုနှုန်း သိသိသာသာ မြင့်တက်နေလျက် ရှိတယ်လို့ သိရပါတယ်။

နိုင်ငံမှာ ဝက်သက်ဖြစ်ပွားမှု ဖြစ်စဉ်ပေါင်း ၇,၀၀၀ နီးပါး တွေ့ရှိရပြီး သေဆုံးသူ ၁၀၀ ကျော်ထိ ရှိနေကြောင်း ဖိလစ်ပိုင်ကျန်းမာရေး အာဏာပိုင်တွေရဲ့ စာရင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဒါဟာ နိုင်ငံမှာ ပြည်သူအများစုက ဝက်သက် ကာကွယ်ဆေးအပေါ် ယုံကြည်မှု နည်းပါးနေခဲ့ပြီး ကာကွယ်ဆေးထိုးနှံဖို့ ပျက်ကွက်မှု များပြားခြင်းကြောင့် ယခုလို ဖြစ်ပွားမှုနှုန်း မြင့်တက်ခဲ့ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ယင်းအတွက်ကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်မှာတော့ ဝက်သက် ကာကွယ်ဆေး ထိုးနှံရေး ကမ်ပိန်းတစ်ခုကို စတင်ခဲ့ပြီး ယင်းကမ်ပိန်းအရ တစ်နေ့လျင် ကလေးငယ်ပေါင်း ၅,၀၀၀ ဝန်းကျင်ကို ကာကွယ်ဆေးတွေ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာတော့ အသက် ငါးနှစ်အောက် ကလေးငယ်ပေါင်း ၂ ဒသမ ၆ သန်းလောက် ယခုအချိန်ထိ ဝက်သက် ကာကွယ်ဆေး ထိုးနှံရသေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required