ရေခဲပြင် ဟော်ကီ ကစားခဲ့တဲ့ ရုရှားသမ္မတ ပူတင်

ရေခဲပြင် ဟော်ကီ ကစားခဲ့တဲ့ ရုရှားသမ္မတ ပူတင်

ဖေဖော်ဝါရီ ၁၇ ။             ။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က ဘီလာရုစ်နိုင်ငံ သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနဲ့အတူ ရေခဲပြင် ဟော်ကီ ကစားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ခေါင်းဆောင်နှစ်ဦးဟာ နှစ်နိုင်ငံအကြား ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပင်လယ်နက် အပန်းဖြေမြို့ ဆိုချီရှိ Shayba အားကစားရုံမှာ ရေခဲပြင် ဟော်ကီကို အတူတကွ ကစားခဲ့ကြတာ ဖြစ်ပါတယ်။

ရုရှားသမ္မတ ပူတင်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဂျူဒို ကစားရင်း လက်ချောင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဘီလာရုစ် ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီးနောက် ယခုလို ရေခဲပြင်ဟော်ကီ ကို ထပ်မံ ကစားခဲ့တာဖြစ်ပါတယ်။

ပူတင်ကတော့ ပြီးခဲ့တဲ့ ကာလတွေတုန်းကလည်း သေနတ်ပစ်ခြင်း၊ သတ်ပုတ်ခြင်း၊ အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်း စတဲ့ ၎င်းရဲ့ ကျွမ်းကျင်မှုအရည်အချင်းတွေကို မကြာခဏ ထုတ်ဖော်ပြသထားတတ်သူ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required