အမွေတောင်းရာမှ မိခင်ဖြစ်သူကို ဓားဖြင့်ခုတ်ရန်လုပ်သော သားကို ဖခင်ကဓားဖြင့်ခုတ်သတ်

အမွေတောင်းရာမှ မိခင်ဖြစ်သူကို ဓားဖြင့်ခုတ်ရန်လုပ်သော သားကို ဖခင်ကဓားဖြင့်ခုတ်သတ်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၆  ။       ။    ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ င/တန်ပျင်းကျေးရွာတွင် အမွေတောင်းရာမှမပေးသဖြင့် မိခင်ဖြစ်သူကို လက်သီးဖြင့် ထိုးပြီး ဓားဖြင့်ခုတ်ရန်လုပ်နေသော သားကို ဖခင်ဖြစ်သူက ဓားကိုလုကာ ခုတ်သတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ သိရသည်။

အဆိုပါ လူသတ်မှုမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက််ရှိတွင် လူသတ်မှုကျူးလွန်ခဲ့သူ ဦးအထွီးဖြူအား မင်းပြားမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရဲ တပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၁၆ ရက်၊ ညနေပိုင်းက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ  မင်းပြားမြို့၊ င/တန်ပျင်းကျေးရွာနေ အသက် ၆၂ နှစ်အရွယ်ရှိ ဦးအထွီးဖြူသည် နေအိမ်၌ ဇနီးဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဒေါ်မအုန်းစိန်နှင့်အတူရှိနေစဉ် သားဖြစ်သူ ပေါက်တောမြို့နယ်၊ ချောင်းနွယ် ကျေးရွာ နေ အသက် ၄၂ နှစ်အရွယ် မောင်ဆန်းဆိုသူ ရောက်ရှိလာပြီး အမွေတောင်းခဲ့ကြောင်းသိရသည်။

အမွေတောင်းရာမပေးသဖြင့် မောင်ဆန်းဆိုသူက မိခင်ဖြစ်သူ ဒေါ်မအုန်းစိန် အားလက်သီးဖြင့် ထိုးပြီးဓားနှင့် ခုတ်ရန် ပြုလုပ်ခဲ့သဖြင့် ဖခင်ဖြစ်သူ ဦးအထွီးဖြူမှ ဓားအားလုယူကာ ခုတ်ခဲ့သောကြောင့် မောင်ဆန်းတွင် ပြတ်ရှဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိတွင် အသက် ၆၂ နှစ်အရွယ်ရှိ ဦးအထွီးဖြူကို မင်းပြားမြို့မရဲစခန်းတွင် (ပ)၅၁/ ၂ဝ၁၉၊ ရာဇသတ်ကြီး ပုဒ်မ- ၃ဝ၂( လူသတ်မှု) ဖြင့် အရေးယူထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required