ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့မှ ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားကို ရန်ကုန်မြို့သစ်အတွက်ဝယ် ယူအသုံးပြုမည်

ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့မှ ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားကို ရန်ကုန်မြို့သစ်အတွက်ဝယ် ယူအသုံးပြုမည်
Photo-Phyo Min Thein

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ။              ။ ရန်ကုန်မြို့သစ်အတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားအတွက် ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့မှ ထုတ်လုပ်ရ ရှိသည့်လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅ဝဝကို ဝယ်ယူသုံးစွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်း ကပြောသည်။

ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သော ရန်ကုန်မြို့သစ်စီမံကိန်း၏ အပြီးသတ်အဆင့် Master Plan ဆွေးနွေးတင်ပြခြင်း(Final Master Plan Presentation)တွင် ပြောခဲ့ခြင်း ဖြစ်သည်။

 "ဧရာဝတီတိုင်း မီးလောင်ဂျိုင့်နေရာမှာ အခု ၁၃၅ဝမဂ္ဂါဝပ် ထုတ်လုပ်ဖို့အတွက်ပြင်ဆင်နေတာရှိပါတယ်။ Liquefied Natural Gas (LNG) နဲ့ ထုတ်ဖို့ဖြစ်ပါတယ်။ ဒါဟာ လျှပ်စစ်ဝန်ကြီးဌာနနဲ့ သဘောတူပြီးသား အခြေ အနေကို ကျွန်တော်ပြောတာဖြစ်ပါတယ်" ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။

 အဆိုပါ ထုတ်လုပ်ရရှိလာသော လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၃၅ဝကို ဧရာဝတီတိုင်းမှ ၃၅ဝမဂ္ဂါဝပ်သုံးစွဲကာ ရန် ကုန်တိုင်းမှ ၁ဝဝဝမဂ္ဂါဝပ်ကို ဝယ်ယူသုံးစွဲသွားရမည်ဖြစ်ကြောင်း သိရသည်။

 ထို့အပြင် မြန်မာနိုင်ငံမှ Gasကို ဝယ်ယူနေသည့် Total ကုမ္ပဏီမှ တနင်္သာရီတိုင်း ကံပေါက်တွင် ဝယ်ယူထား သော Gas မှ လျှပ်စစ်ဓာတ်အား ၁ဝဝဝမဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် လျှပ်စစ်ဝန်ကြီးဌာနနှင့် ဆွေးနွေးထာပြီးဖြစ်ကာ အဆိုပါ လျှပ်စစ်ဓာတ်အား ၁ဝဝဝမဂ္ဂါဝပ်မှ ရန်ကုန်ကို ၅ဝဝမဂ္ဂါဝပ် ပေးနိုင်မည်ဖြစ်ပြီး ကျန်ရှိသည့် ၅ဝဝမဂ္ဂါဝပ် ကို တနင်္သာရီတိုင်းမှ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

 "အဲဒီတော့ ကျွန်တော်တို့မှာ ၁၅ဝဝမဂ္ဂါဝပ်လောက် ထပ်ရဖို့ရှိပါတယ်။ အဲဒီအခြေအနေက နောက်သုံးနှစ် လောက်မှာ ပေါ်ထွန်းလာဖို့ရှိပါတယ်။ ဒါဟာရေရှည်အတွက်ကြိုတင်ပြင်ဆင်ထားတဲ့ အခြေအနေတွေဖြစ်ပါ တယ်။ စတင်တည်ဆောက်ရေးကာလတွေမှာ လိုအပ်တဲ့ လျှပ်စစ်တွေကိုလည်း လျှပ်စစ်ဝန်ကြီးဌာနက ယာယီ အထောက်အကူဖြစ်နိုင်မယ့် လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွေကို တိုးမြှင့်ဆောင်ရွက်နေတာတွေ ရှိပါတယ်" ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။

 မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ထုတ်လုပ်မှုသည် မဂ္ဂါဝပ် ၃ဝဝဝသာရှိပြီး ရန်ကုန်တိုင်းသည် တစ်နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှု၏ တစ်ဝက်ဖြစ်သည့် ၁၅ဝဝမဂ္ဂါဝပ်ကို သုံးစွဲနေကြောင်း သိရသည်။ လျှပ်စစ်စျေးနှုန်း များသည် လက်ရှိအချိန်တွင် များများအသုံးပြုလျှင် များများရှုံးမည့်အခြေအနေကို နိုင်ငံတော်မှ ရင်ဆိုင်ကြုံတွေ့ နေရကြောင်း သိရသည်။

 ပြည်ပနိုင်ငံများမှ လျှပ်စစ်ထုတ်လုပ်ရောင်းချရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ ကုမ္ပဏီများမှလာ ရောက်ဆွေးနွေးမှုများရှိသော်လည်း စျေးနှုန်းညှိနှိုင်းရာတွင် အခက်အခဲများရှိကြောင်း ဦးဖြိုးမင်းသိန်း ကပြော သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly