ဘင်္ဂါလီဒုက္ခသည်တွေကို ဒေါ်လာ တစ်ဘီလီယံနီးပါး အကူအညီပေးရေး ရန်ပုံငွေမတည်နိုင်ရန် ကုလသမဂ္ဂက ကမ်ပိန််းစတင်

ဘင်္ဂါလီဒုက္ခသည်တွေကို ဒေါ်လာ တစ်ဘီလီယံနီးပါး အကူအညီပေးရေး ရန်ပုံငွေမတည်နိုင်ရန် ကုလသမဂ္ဂက ကမ်ပိန််းစတင်
ဓာတ်ပုံ - EPA

ဖေဖော်ဝါရီ ၁၆ ။               ။ ကုလသမဂ္ဂရဲ့ အကူအညီပေးရေး အေဂျင်စီနှှစ်ရပ်ဟာ မြန်မာနိုင််ငံကနေ အများစုတိမ်းရှောင်ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိတ်မချရတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရကြတဲ့ ဘင်္ဂါလီဒုက္ခသည်(မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) ကိုးသိန်းကျော်ထက်မနည်းအတွက် အကူအညီပေးရေး အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါးအထိ ရန်ပုံငွေမတည်နိုင်ရေး ကမ်းပိန်းလုပ််ငန်းစဉ်တစ်ရပ်ကို သောကြာနေ့မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။

 အဆိုပါ ကမ်းပိန်းဟာ အမေရိကန်ဒေါ်လာ သန်း ၉၂၀ အထိ ရန်ပုံငွေ မတည်နိုင်ရန်အတွက် ရည်ရွယ်ပြီး ယင်းရန်ပုံငွေ၏ တစ်ဝက်ကျော်မကဟာ ဒုက္ခသည်တွေအတွက် အစားအစာ၊ သောက်သုံးရေ၊ မိလ္လာစနစ်နဲ့ ခိုလှုံရေးစခန််းတွေစတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ဖြစ်ကြောင်း ရွှေ့ပြောင်းသူများဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်ပါတယ်။

 ၂၀၁၇ ခုနှစ်က စတင်ပြီး အကြမ်းဖက်မှုတွေက လွတ်မြောက်ရန် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထောင်သောင်းများစွာသော ဘင်္ဂါလီတွေဟာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရကြပါတယ်။

 အဆိုပါ ဘင်္ဂါလီမွတ်စလင်တွေ(မူရင်း ရိုဟင်ဂျာဟု ဖော်ပြ)တွေကို အစိုးရဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကနေ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူတွေအဖြစ် ရှုမြင်ပြီး နိုင်ငံသားဖြစ်ခွင့်နဲ့ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်တွေကို ငြင်းပယ်ထားပါတယ်။

 “ကျွန်တော်တို့ရဲက အခု လူသားချင်းစာနာထောက်ထားရေး အကူအညီဟာ နိုင်ငံမဲ့ဘင်္ဂါလီတွေနဲ့ လက်ခံပေး ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ အခြေအနေတွေ တည်ငြိမ်စေရေးအတွက်ပဲ ဖြစ်ပါတယ်။”လို့ UNHCR ရဲ့ မဟာမင်းကြီး ဖီလစ်ပိုဂရန်ဒီက ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ “အခုနှစ်အတွက် အကူအညီပေးရေး လုပ်ငန်းစဉ်တွေကို အကောင််အထည်ဖော်နိုင်ဖို့ ဒီရန်ပုံငွေကို အချိန်မီဖြန့််ဝေပေးနိုင်မယ်လို့ ကျွန်တော်တိို့ မျှော်လင့်လျက်ရှိနေပါတယ်။”လို့ ၎င်းက ဆိုပါတယ်။

 ဘင်္ဂါလီတွေအတွက် ဘဏ္ဍာရေးအကူအညီဟာ လတ်တလော အရေးတကြီး လိုအပ်နေပြီး မြန်မာနိုင်ငံ အနေနဲ့လည်း ရေရှည်ဖြေရှင်းမှုနဲ့ ၎င်းတို့ကို ကူညီပေးဖို့လည်း ဂရန်ဒီက တိုက်တွန်းပြောဆိုပါတယ်။

 “ကျွန်တော်တို့ဟာ လတ်တလော လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေအတွက် ကိုင်တွယ်ဆောင်ရွက်နေတာ ဖြစ်ပေမယ့် ဖြေရှင်းနိုင်ရေး လမ်းကြောင်း မပျောက်သွားရေးက အရေးကြီး ပါတယ််။ ဒီပြဿနာကို အခြေအမြစ်ကနေ ဖြေရှင်းဖို့ အားချင်းအရေးတယူဆောင်ရွက်ဖို့ကိုလည်း မြန်မာနိုင်ငံကို ကျွန်တော်က ထပ်မံတိုက်တွန်းပါတယ်။”လို့ ၎င်းက ပြောပါတယ်။

 ရွှေ့ပြောင်းသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ အန်တိုနီယိုဗစ်တာရီနို ကလည်း “ရှေ့ကို ဦးတည်သွားနေပါတယ်။ ဒီဒုက္ခသည်တွေအတွက် သေရေးရှင်ရေး အရေးတကြီး လိုအပ် နေတာတွေကို ကျွန်တော်တို့က ဖြည့်ဆည်ပေးနိုင်ရေး ကြိုးစားနေတယ်ဆိုတာ ထပ်လောင်းပြောလိုပါတယ်။ ဒီကြိုးစားမှုတွေကို နိုင်ငံတကာအသိုင်းအဝန်းက ထောက်ပံ့ပေးကြဖို့ကိုလည်း တိုက်တွန်းပါတယ်။”လို့ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required