ကိုယ်တွေ့ ရွှေ့ပြောင်းဝင်ရောက်သူဘဝကို စင်မြင့်ပေါ် ဖျော်ဖြေတင်ဆက်နေတဲ့ ဘဲလေးကချေသည်

ကိုယ်တွေ့ ရွှေ့ပြောင်းဝင်ရောက်သူဘဝကို စင်မြင့်ပေါ် ဖျော်ဖြေတင်ဆက်နေတဲ့ ဘဲလေးကချေသည်

လန်ဒန်၊ ဖေဖော်ဝါရီ ၁၆ ။        ။      ကိုလံဘီယာနိုင်ငံက ဖာနန်ဒိုမွန်တာနိုဟာ တစ်ချိန်ကတော့ ဆင်းရဲမွဲတေမှုတွေ၊ မူးယစ်ဆေးဝါးဂိုဏ်းတွေရဲ့ နေ့စဉ်နဲ့ အမျှ ခြိမ်းခြောက်မှုတွေကနေ ထွက်ပြေးလာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတစ်ဦးပါ။

ခုချိန််မှာတော့ သူဟာ လန်ဒန်က တော်ဝင်ဘဲလေးအဖွဲ့မှာ ‘အနက်ရောင် မင်းသားလေး’ဆိုတဲ့ နာမည်တစ်လုံးနဲ့ ကချေသည်ငွေကြယ်ပွင့်တစ်ဦး ဖြစ်နေပါပြီ။

ခုချိန်မှာ သူဟာ စင်မြင့်ထက်မှာ အာဖရိက ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ အဖြစ်သနစ်ကို ဘဲလေးအကနဲ့ ပုံဖော်လို့ တင်ဆက်ပေးနေပါတယ်။ စစ်ပွဲတွေ၊ ကြမ်းတမ်းတဲ့ ပဋိပက္ခတွေကနေ ပင်လယ်ဖြတ်ခရီးတွေ နှင်ပြီး ဥရောပ ဒါမှမဟုတ် အမေရိကန်ဆီ မျှော်လင့်ချက်တစ်ခွဲသားနဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ ဘဝတွေကို  ကားလိပ်ဖွင့်လို့ ကပြအသုံးတော်ခံနေတာပဲ ဖြစ်ပါတယ်။

Baroque Journey လို့ နာမည်ရတဲ့ ဒီဇာတ်မှာ အသက် ၃၃ နှစ်ရှိ မွန်တာနိုဟာ အဓိကဇာတ်ရုပ်ကနေ ကပြဖျော်ဖြေနေတာပါ။

ဒီပြဇာတ်ကို ၂၀၁၈ မှာ အီတလီမှာ စတင််ရုံတင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လကဆို မွန်တာနိုရဲ့ မွေးရပ်မြေ ကိုလံဘီယာမှာပါ ဖျော်ဖြေတင််ဆက််ခဲ့ပါသေးတယ်။

ဒီဇာတ်ဟာ အသက် ၁၄ နှစ်အရွယ်မှာဘဲ ရွှေ့ပြောင်းသူဘဝ ရောက်ရတဲ့ မွန်တာနိုအတွက်် လမိုင်းအကပ်ဆုံး ဇာတ်လည်း ဖြစ်နေပါတယ်။

ဒီလို ဘဝနဲ့ ထပ်တူကျတဲ့ ပြဇာတ်ကြောင့်ပဲ သူ့ရဲ့ ကပြဖျော််ဖြေမှုဟာ ကမ္ဘာမှာ  ဂုဏ်သတင််းကြီးတဲ့ ဘဲလေးကဇာတ်တွေထဲက တစ််ခုအဖြစ် အပါအဝင် ဖြစ်လာခဲ့ပါပြီ။

အနက်ရောင်မင်းသားလေး မွန်တာနိုအတွက်လည်း အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ လက်တင်အမေရိက ရွှေ့ပြောင်းသူတွေရဲ့ ဘဝကို အားလုံးအတွက်် သတင်းစကားပေးနေတာလည်းပဲ ဖြစ်ပါတော့တယ်။

“နေရာတိုင်းမှာ ရွှေ့ပြောင်းဝင်ရောက််သူတွေ ရှိနေတယ်။”လို့ မွန်တာနိုက ပြောပါတယ်။

“ကျွန်တော်ဟာ ဘဝရဲ့ တစ်ဝက်မကဟာ ရွှေ့ပြောင်းဝင်ရောက်သူ ဖြစ်ခဲ့တာပါ။ ကျွန်တော် နိုင်ငံခြားဘာသာစကားတွေ သင်ယူရတယ်။ နိုင်ငံတွေရဲ့ လူမှုဆက်ဆံရေးတွေကို ဆည်းပူးခဲ့ရတယ်။ ဒီလို ဘဝမျိုးနဲ့ ကျွန်တော် နေထိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။”လို့ အနက်ရောင်မင်းသားလေးက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required