အသက် ၂၂ နှစ်အောက် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် မြန်မာအသင်း အပြီးသတ် ရွေးချယ်

အသက် ၂၂ နှစ်အောက် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် မြန်မာအသင်း အပြီးသတ် ရွေးချယ်
Photo-thura

ဖေဖော်ဝါရီလ ၁၄ ။          ။ အသက် ၂၂ နှစ်အောက် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် မြန်မာယူ- ၂၂ အသင်း၏ အပြီးသတ်ကစားသမား ရွေးချယ်မှုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြန်မာယူ၂၂အသင်းနည်းပြချုပ် ပိုပေါ့ဗ် ကပြုလုပ်ခဲ့သည်။

မြန်မာ ယူ-၂၂ ပဏာမအသင်းသည်  ဖေဖော်ဝါရီလ ၁၃ ရက်နေ့ညနေပိုင်းတွင် ကမာရွတ်မြို့နယ်ရှိ YUSC ဘောလုံးကွင်းတွင် ဧရာဝတီ ယူနိုက်တက်အသင်းနှင့်ခြေစမ်းပွဲကစားခဲ့ပြီး အဆိုပါပွဲအပြီးတွင် အပြီးသတ် လူစာရင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

 အပြီးသတ်လူစာရင်းတွင် နည်းပြချုပ် ပိုပေါ့ဗ်အပါအဝင်နည်းပြအဖွဲ့ဝင် ၁၁ ဦး ကစားသမား ၂၃ ဖြင့်ဖွဲ့စည်းထားပြီး ဂိုး- ဖုန်းသစ္စာမင်း၊ ဆန်းဆက်နိုင်၊ စိုးအာကာ။နောက်တန်း- ဝင်းမိုးကျော်၊ စိုးမိုးကျော် ၊ အောင်ဝဏ္ဏစိုး၊ ရဲရင့်အောင်၊ ရဲမင်းသူ ၊ ဇင်ရဲနိုင် ၊ဟိန်းဖြိုးဝင်း၊ ဇွဲထက်မင်း ။အလယ်တန်း - နန်းထိုက်အောင်၊ လွင်မိုးကျော်၊ မြတ်ကောင်းခန့်၊ ဟိန်းထက်အောင်၊ အောင်နိုင်ဝင်း၊  မြတ်ထွန်းသစ်၊ ဇွဲသက်ပိုင်၊ စိုးလွင်လွင်၊ ဇေယျာနိုင် ။ အရှေ့တန်းတိုက်စစ်မှူးများအဖြစ် ဝင်းနိုင်ထွန်း ၊ထက်ပိုင်ဝေ၊ လွှမ်းမိုးဦး တို့ကိုရွေးချယ်ထားပြီး ရှမ်းယူနိုက်တက်အသင်းမှ ကစားသမား၆ဦးအထိ အများဆုံးပါဝင်နေကြောင်း သိရသည်။

 "နောက်ဆုံး လူစာရင်းမှာ ကစားသမား တချို့ကို ဒဏ်ရာပြဿနာကြောင့် ချန်လှပ်ခဲ့ရပါတယ်။ ရန်ကုန် ယူနိုက်တက် အသင်းရဲ့ ကစားသမားတွေကိုတော့ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲကြောင့် အသင်းနဲ့ ပူးတွဲ လေ့ကျင့်ချိန် မရှိခဲ့လို့ ထားခဲ့ရတာပါ။ ဂိုးသမားဆိုတာက အသင်းနဲ့ အလျင်အမြန် အသားကျနိုင်တာကြောင့် ဆန်းဆက်နိုင်ကိုတော့ ရွေးချယ်ခဲ့ပါတယ်။MFF U-19 အသင်းက ကစားသမားလေး နှစ်ယောက်ကတော့ ငယ်ရွယ်လွန်းပေမယ့် အသင်းနဲ့ ပူးတွဲလေ့ကျင့်ချိန်မှာ အကောင်းဆုံး လိုက်လုပ်နိုင်ခဲ့ကြပါတယ်။ ဒီအတွေ့ အကြုံတွေကြောင့် နောက်ဆိုရင် ပိုကောင်းလာနိုင်ပါတယ်" ဟု အပြီးသတ် ကစားသမား ၂၃ ဦး စာရင်း ထုတ်ပြန်ခြင်းနှင့်ပတ်သက်ပြီး နည်းပြချုပ် မစ္စတာ ဗယ်လစ်ဇာ ပိုပေါ့ဗ်က ပြောသည်။

၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ် (AFF U-22 Championship 2019) ဘောလုံး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၇ မှ ၂၆ အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပပြူလုပ်သွားမည်ဖြစ်ပြီးမြန်မာ U-22 အသင်းသည် အိမ်ရှင် ကမ္ဘာဒီးယား ၊မလေးရှား ၊အင်ဒိုနီးရှား အသင်းတို့နှင့် အုပ်စု B တွင် ကျရောက်နေတာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly