ဆင်ပြောင်သင်္ဘော နစ်မြုပ်မှု အလောင်း ၁၀ လောင်း ဆယ်ယူရရှိထား

ဆင်ပြောင်သင်္ဘော နစ်မြုပ်မှု အလောင်း ၁၀ လောင်း ဆယ်ယူရရှိထား

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄ ။         ။ မာန်အောင်မြို့ ၊ ဇီးတောကမ်းခြေ အနီး၌ နစ်မြုပ်ခဲ့သည့် ဆင်ပြောင်သင်္ဘောမှ ပျောက်ဆုံးနေသည့် လူ ၁၉  ဦး အနက် ရုပ်အလောင်း ၁၀ လောင်းကို ရှာဖွေတွေ့ရှိထားသည်ဟု ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းက နစ်မြုပ််ခဲ့သည့် ဆင်ပြောင်သင်္ဘောပေါ်၌ ၂၆ ဦးလိုက်ပါလာပြီး အသက် ရှင်ကျန်ရစ်သူ ၇ ဦးကို ကယ်ဆယ်ရရှိထားပြီးလည်း ဖြစ်သည်။

ပျောက်ဆုံးနေသူ ၁၉ ဦးကို ရှာဖွေရာတွင် အလောင်း ၁၀ လောင်းဆယ်ယူရရှိထားသောကြောင့် သင်္ဘော နစ်မြုပ်ရာမှ ပျောက်ဆုံးသူ ၉ ဦး ကျန်ရှိနေသည်။

ဆယ်ယူရရှိထားသည့် အလောင်း ၁၀ လောင်းသည် ရေယာဉ်မှူး ဦးထွန်းထွန်း ၊ ဒု-ရေယာဉ်မှူး ဦးထွန်းအောင် ၊ ဦးမြတ်မော် ၊ ဦးတင်မောင်ဝင်း ၊ ဦးကျော်ညွန့့် ၊ ဦးမြတ်ဆွေ ၊ ဦးသိန်းလွင် ၊ ဦးထွန်းဦး ၊ ဦးမင်းလွင် ၊ ဦးမင်းဇော်ထွေးတို့ ဖြစ်သည်ဟု မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

နစ်မြုပ်ခဲ့သည့် ဆင်ပြောင်သင်္ဘောသည် မာန်အောင်မြို့ ဇီးတောကမ်းခြေ လက်ဖက်ကျွန်း မီးပြတိုက်အတွက် လိုအပ်နေသည့် ပစ္စည်းများကို လာရောက်တပ်ဆင်ပြုပြင်သည့် သင်္ဘောဖြစ်သည်။

လက်ရှိအခြေအနေတွင် သင်္ဘောနစ်မြုပ်မှုကို တပ်မတော်ရေ မှ တပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင်  မာန်အောင်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ၁၀ ဦးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required