ချယ်လ်ဆီးက ဆာရီကို ထုတ်ပယ်ဖို့ ရှိနေကာ ဇီဒန်းနဲ့ အစားထိုးခန့််အပ်ရန်် လိုလားနေ

By Foxsortsasia
14 February 2019
ချယ်လ်ဆီးက ဆာရီကို ထုတ်ပယ်ဖို့ ရှိနေကာ ဇီဒန်းနဲ့ အစားထိုးခန့််အပ်ရန်် လိုလားနေ

ချယ်လ်ဆီးအသင်းမှာ မော်ရီဇီယို ဆာရီကို ထောက်ခံမှု ပျောက်ဆုံးနေပြီး ကလပ်အသင်းအနေနဲ့ ရီးယဲလ်မက်ဒရစ် မန်နေဂျာဟောင်း ဇီဒန်းနဲ့ အစားထိုးခန့်အပ်ဖို့ လိုလားလျက် ရှိနေပါတယ်။

မန်ချက်စတာစီးတီးအသင်းကို ခြောက်ဂိုး-ဂိုးပြတ်နဲ့ ရှုံးခဲ့ပြီးနောက်မှာ ဆာရီဟာ ချယ်လ်ဆီးမှာ ထောက်ခံမှု ကျဆင်းသွားတာဖြစ််ပြီး ကလပ်အသင်းအနေနဲ့လည်း ၎င်းကို လူစားထိုးဖို့ တော်တေ်ာလေး စဉ်းစားလျက် ရှိနေပါတယ်။

ဒီလို အစားထိုးရာမှာလည်း ရီးယဲလ်မက်ဒရစ် မန်နေဂျာဟောင်း ဇီးဒန်းထက်ပိုပြီး အခြားသူကို ရွေးချယ်ဖို့ အသင်းအနေနဲ့ လိုလားမှု မရှိပါဘူး။ ဇီးဒန်းဟာ ယခုရာသီအစမှာပဲ အနားယူထားတာ ဖြစ်ပါတယ်။

ဇီဒန််းရဲ့ လက်ထက်မှာ ရီးယဲလ်ဟာ ချန်ပီယံလိဂ်ဖလား သုံးကြိမ် ဆက်တိုက်ဆွတ်ခူးတာဟာလည်း ချယ်ဆီးအတွက် ခေါ်ယူလိုစိတ်ကို ဆွဲဆောင်လို့နေတော့တာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးအနေနဲ့ ဆာရီရဲ့ အရေးမလှတာကြောင့် လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်တောင် ဆုံးရှုံးမှာကို တွေးပူနေရတဲ့ အခြေအနေ ရောက်နေတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required