ရေစကြိုတွင် ကိုရီးယားနိုင်ငံသားက လက်ထပ်ရန်တောင်းရမ်းမှုကို လူကုန်ကူးမှ စစ်ဆေး

By အောင်ကျော်ဇင်
13 February 2019
ရေစကြိုတွင် ကိုရီးယားနိုင်ငံသားက လက်ထပ်ရန်တောင်းရမ်းမှုကို လူကုန်ကူးမှ စစ်ဆေး

ရေစကြို ဖေဖော်ဝါရီ ၁၃ ။          ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဥက္ကံကျေးရွာမှ မြန်မာအမျိုးသမီးတစ်ဦးအား ကိုရီးယားနိုင်ငံသားမှ ခေါ်ဆောင် သွားသဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးမှ သသတင်းအရ သွားရောက်စစ်ဆေးရာ လက်ထပ်ရန် လာရောက်တောင်းရမ်းခြင်းကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဥက္ကံကျေးရွာနေ မသူဇာထွေးမှာ လွန်ခဲ့သော ၁ လခန့်က ဥက္ကံရွာမှ မန္တလေးမြို့ မြစ်ငယ်ရပ်ရှိ ရွှေငါး (၂) ဘီယာ နှင့် အကင်ဆိုင်၌ အလုပ်လုပ်ခဲ့ရာ ဖေဖော်ဝါရီလ ၇ ရက်ခန့်က ၄င်း အလုပ်လုပ်ရာဆိုင်တွင် တောင်ကိုရီးယားနိုင်ငံမှ အလည်အပတ်လာရောက်သူ ဂင်ဂျုံမင် နှင့် တွေဆုံခဲ့သည်။

ဂင်ဂျုံမင် က တရားဝင်လက်ထပ်လိုကြောင်းပြော၍ ယာဉ်မောင်း စိုးထိုက်၊ ကိုရီးယားစကားပြန် ယုသန္တာကိုတို့ နှင့်အတူ တောင်ကိုရီးယာနိုင်ငံသား ဂျင်ဟွန်းဆမ်းဂင်ဂျုံမင်တို့ကို ဖခင်ဖြစ်သူ ဦးကြည်လင်း နှင့် ရေစကြို မြို့နယ်၊ ကျောက်လှေခါးရွာ ရွှေမိုး လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 “ ကိုရီးယားနိုင်ငံသားက ကျွန်တော်သမီးကို လာတောင်းတာ။ ကျွန်တော်က မြန်မာနိုင်ငံမှာ နေရင်တော့ သဘောတူတယ်လို့ ပြောတယ်။ သူတို့ဆီမှာ သွားနေမယ်ဆိုရင်တော့ သဘောမတူဘူးလို့ ပြောလိုက်တယ်။ နိုင်ငံခြားမှာခေါ်သွားရင်တော့ လူကုန်ကူးတာတွေက ရှိနေတော့ စိုးရိမ်မှုတွေရှိတာပေါ့”ဟု ရေစကြိုမြို့နယ်၊ ထန်ငယ်တောကျေးရွာအုပ်စု ဥက္ကံ ကျေးရွာနေ မသူဇာထွေး၏ ဖခင်ဖြစ်သူ ဦးကြည်လင်းက ပြောသည် ။

ဂင်ဂျုံမင် မှ ဖခင်ဖြစ်သူ ဦးကြည်လင်းထံ သမီးဖြစ်သူ မသူဇာထွေးအား လက်ထပ်လိုကြောင်းပြောရာတွင် ဖခင်ဖြစ်သူက မြန်မာနိုင်ငံတွင် နေထိုင်ပေါင်းသင်းပါက သဘောတူကြောင်း၊ နိုင်ငံခြားသို့ ခေါ်သွားပြီး ပေါင်းသင်းနေထိုင်ပါက သဘောမတူကြောင်းပြောဆိုခဲ့ရာ၍ ဖခင်သဘောမတူ၍ မသူဇာထွေးမှလည်း လက်မထပ်တော့ ကြောင်း ပြောခဲ့သည်ဟု သိရသည်။

ထို့နောက် ဖေဖော်ဝါရီလ ၁၀ ရက်တွင် မသူဇာထွေးက မန္တလေးတွင် ကျန်ခဲ့သော အဝတ်အစားအိတ်အား ပြန်ယူရန် အဆိုပါ ကိုရီးယားနိုင်ငံ သား အဖွဲ့ဖြင့် ပြန်လည်လိုက်ပါသွားရာ မကွေးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(၂) မှ သတင်းရ၍ သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးခဲ့ရာတွင် မသူဇာထွေးမှာ မန္တလေးတွင် ကျန်ခဲ့သော အဝတ်အစားအိတ်အား ပြန်ယူရန် ဖခင်၏ခွင့်ပြုချက်ဖြင် ပြန်လိုက်ယူခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီး ယာဉ်မောင်း စိုးထိုက်၊ စကားပြန် ယုသန္တာကို ဂျင်ဟွန်းဆမ်း ဂင်ဂျုံမင် တိုမှ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုအင်္ဂါ(၃)ရပ်တွင် ပါဝင်သော အချက်များဖြင့် ပြုမူလုပ်ဆောင်ခဲ့ကြောင်း မရှိသည်ကို စီစစ်တွေ့ရှိရသည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်မှာ လူကုန်ကူးမှု မမြောက်ဘဲ တရားဝင်လက်ထပ်ယူရန် မိဘအုပ်ထိန်းသူထံခွင့်တောင်းသည့် အဆင့်သာ ပြုလုပ်ခဲ့သည်ကို စီစစ်တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required