ဗီဇာဖြေလျော့ပြီးနောက်ပိုင်း ကိုရီးယားနိုင်ငံမှ ခရီးသွားဝင်ရောက်မှု ၁၁ရာခိုင်နှုန်းခန့်တိုးတက်လာ

ဗီဇာဖြေလျော့ပြီးနောက်ပိုင်း ကိုရီးယားနိုင်ငံမှ ခရီးသွားဝင်ရောက်မှု ၁၁ရာခိုင်နှုန်းခန့်တိုးတက်လာ

ဖေဖော်ဝါရီ ၁၃ ။         ။ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁ရက်မှ စတင်ပြီး ဗီဇာဖြေလျော့ခဲ့ပြီးနောက်ပိုင်း ပြည်တွင်းသို့ ကိုရီးယားနိုင်ငံမှ ခရီးသွားဝင်ရောက်မှု ၁၁ရာခိုင်နှုန်းခန့်တိုးတက်လာကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(UMTA) မှ ဥက္ကဋ္ဌ ဦးသန်းလွင်တိုး ကပြောသည်။

"အဓိက ကိုရီးယားက အောက်တိုဘာ ၁ရက်နေ့ ဗီဇာဖြေလျော့ပြီးတဲ့နောက်ပိုင်းမှာ တိုးတက်မှုက ၁၁ရာခိုင်နှုန်း လောက်တက်လာတယ်။ ၁၁ရာခိုင်နှုန်းလောက်တက်လာတော့ လေယာဉ်ပြေးဆွဲတဲ့အခါမှာလည်း KE လေ ကြောင်းလိုင်း တစ်ခုတည်းရှိတယ်။ တိုက်ရိုက် Flight က ကျန်တာတွေက ဗီယက်နမ်တို့ ထိုင်းတို့က တစ်ဆင့် လာတော့ သက်သက်သာသာရောက်ဖို့အတွက် Low Cost Carrier (LCC) ပြေးနိုင်ဖို့ ဆွေးနွေးလုပ်ဆောင်နေ တယ်" ဟု ဦးသန်းလွင်တိုး ကပြောသည်။

ထို့အပြင် မြန်မာနှင့် ကိုရီးယားနှစ်နိုင်ငံ ခရီးသွားကဏ္ဍဖွ့ံဖြိုးတိုးတက်ရန်အတွက် ကိုရီးယားနိုင်ငံမှ ရုပ်သံကုမ္ပဏီ နှင့် ပူးပေါင်းပြီး ရုပ်ရှင်ဇာတ်လမ်းကိုရိုက်ကူးရန် ဆွေးနွေးမှုများလုပ်ဆောင်နေသည်။ မြန်မာနိုင်ငံ၏ ပုဂံ၊ မန္တ လေး၊ အင်လေး၊ ချင်းပြည်နယ် စသောနေရာများတွင် ရိုက်ကူးသွားရန်စီစဉ်နေပြီး ကိုရီးယားတွင် ဆိုးလ်၊ ဘူ ဆန် စသောမြို့ကြီးများတွင် ရိုက်ကူးသွားမည်ဖြစ်ကာ အောက်တိုဘာလတွင် ရုံတင်ပြသနိုင်အောင် လုပ်ဆောင် နေကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကိုရီးယားခရီးသွားများ ပြည်တွင်းသို့ လာရောက်လည်ပတ်မှု ခုနစ်သောင်းကျော်ရှိပြီး ၂၀၁၉- ၂၀၂ဝခုနှစ်တွင် ကိုရီးယားခရီးသည် တစ်သိန်း ဝင်ရောက်လာရန်ရည်မှန်းထားကြောင်း သိရသည်။

ပြည်တွင်း၌ ကိုရီးယားခရီးသွားဧည့်လမ်းညွှန် ၆ဝခန့်ရှိပြီး ခရီးသွားများအတွက် ဟိုတယ်၊ စားသောက်ဆိုင်များ ကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ဆောင်ရွက်နေကြောင်း ဦးသန်းလွင်တိုး ကပြောသည်။

ပွင့်လင်းရာသီ ခရီးသွားကာလဖြစ်သည့်အတွက် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ပိုမိုတိုး မြှင့်ဝင်ရောက်နိုင်ရန် ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ခြင်းနှင့် ဖြေလျှော့ဆောင်ရွက်မှုများလုပ်ဆောင်နေပြီး မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများကို လာရောက်လည်ပတ်နိုင်အောင် ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
    

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required