ချောက်တွင် သတ္တမတန်းကျောင်းသား တစ်ဦး ရေနစ်သေဆုံး

ချောက်တွင် သတ္တမတန်းကျောင်းသား တစ်ဦး ရေနစ်သေဆုံး

ဖေဖေါ်ဝါရီ ၁၂ ။            ။ မကွေးတိုင်း ချောက်မြို့ အမှတ် ၇ နယ်မြေ ရွာဟောင်းရပ်ကွက် ဧရာဝတီ မြစ်ဆိပ်ကမ်းတွင် သတ္တမတန်း ကျောင်းသားတစ်ဦး ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရေနစ် သေဆုံးခဲ့သည်ဟု ချောက်မြို့မရဲစခန်းမှ သိရသည်။

ချောက်မြို့ အမှတ် ၁၃ အာရှရပ်ကွက်နေ သတ္တမတန်းကျောင်းသား အာကာမိုး ၁၃ နှစ်သည် ၎င်း၏ ညီမနှင့် သူငယ်ချင်း တစ်ယောက်တို့ဖြင့် ရွာဟောင်းဆိပ်ကမ်းသို့ သွားရောက်စဉ် ရေဆင်းကူးရာမှ နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသော ကလေးမှာ ရေမကူးတတ်ဟု သိရပြီး ကျန်နှစ်ဦးမှာ ရေကူးတတ်သည်ဟု သိရသည်။

၎င်းနှင့်အတူပါလာသောသူများက ပတ်ဝန်းကျင်အား အော်ဟစ်၍ အကူညီတောင်းခံရာမှ အနီးအနားမှ လူများရောက်ရှိလာကာ ရှာဖွေရာ မိနစ် ၃၀ ဝန်းကျင် အကြာတွင် ရွွံ့နွံများပေ၍ သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဟု သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ချောက်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၉ အမှုရေးဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required