ဂျူဗင်တပ်စ်နဲ့ အကြိုသဘောစာချုပ် ချုပ်ဆိုလိုက်တဲ့ ရမ်ဆေး တစ်ပတ်လုပ်ခ ပေါင် ၄ သိန်း ရရှိမည်

ဂျူဗင်တပ်စ်နဲ့ အကြိုသဘောစာချုပ် ချုပ်ဆိုလိုက်တဲ့ ရမ်ဆေး တစ်ပတ်လုပ်ခ ပေါင် ၄ သိန်း ရရှိမည်

အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးဟာ လာမယ့် နွေရာသီမှာ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ဖို့ အကြိုသဘောတူစာချုပ်ကို ချုပ်ဆိုလိုက်ပြီး စာချုပ်အရ သူဟာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းရရှိမှာဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ၄ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို သဘောတူညီခဲ့တာကြောင့် အာဆင်နယ်နဲ့ ကစားသမားဘဝ ၁၁ ကြာ ဖြတ်သန်းပြီးနောက် အဆုံးသတ်လိုက်ပါတယ်။

ရမ်ဆေးဟာ ၂၀၀၈ ခုနှစ်က ကာဒစ်ဖ်အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၄.၈ သန်းနဲ့ ရောက်ခဲ့သူဖြစ်ပါတယ်။

ဥရောပကလပ်များက ခေါ်ယူလိုနေတဲ့ ရမ်ဆေးဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပင် ဂျူဗင်တပ်စ်အသင်းနဲ့ ဆေးစစ်မှု နှစ်ကြိမ်အောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။

သူဟာ ဗြိတိန်ကစားသမားတွေထဲမှာ အခြေခံလစာနှုန်း အမြင့်ဆုံးရရှိတဲ့ ကစားသမားဖြစ်မှာဖြစ်ပါတယ်။

ဝေးလ်လက်ရွေးစင်ကစားသမားဟာ ဇွန် ၃၀ ရက်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဂန်းနားတို့အနေနဲ့ သူထွက်ခွာသွားချိန်မှာတော့ မည်သည့်အခကြေးမှ ရရှိမှာမဟုတ်ပါဘူး။

ရမ်ဆေးဟာ ဇူလိုင် ၁ ရက်မှာ ဂျူဗင်တပ်စ်အသင်းရဲ့ကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly