သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၂ )

By မျိုးသန့် (မဇ္စျိမ)
11 February 2019
သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၂ )

4R Health Talk အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ဒီနေ့ဆွေးနွေးသွားမှာကတော့ အထူးသဖြင့်  သွိုင်းရွိုက် ဟော်မုန်း ရောဂါနဲ့ ပတ်သက်ပြီးတော့ အဲဒီရောဂါဌာနရဲ့ ပါမောက္ခဌာနမူး ဖြစ်တဲ့ ဆရာမ ဒေါ်ခင်စောသန်းနဲ့ ဆွေးနွေးတဲ့အခါ သွိုင်းရွိုက် ဟော်မုန်းများရင် သို့မဟုတ်နည်းရင် ဘာဖြစ်တယ်။ ကြိုတင်ကာကွယ်လို့ရ မရ နဲ့ အိုင်အိုဒင်းဆားရဲ့ အသုံးဝင်ပုံတွေကို ဆွေးနွေးထားပါတယ်။

မေး။ ။ ခုနဆရာမကြီးပြောသွားတဲ့အထဲမှာ သွိုင်းရွိုက်ဟော်မုန်းများတဲ့ဟာပေါ့နော် နည်းတာကျတော့ ရော ဘယ်လိုလက္ခဏာပြတာလဲ ခင်ဗျား။

ဖြေ။ ။ နည်းတဲ့အခါကျတော့ စောစောကနဲ့ ဆန့်ကျင်ဘက်ပဲပေါ့ သူက ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆဲလ်တွေက ဇီဝကမ္မဖြစ်စဉ်က အကုန်နှေးကွေးသွားတယ်၊ အဲ့ဒါကြောင့် ခန္ဓာကိုယ်မှာ အလုပ်လုပ်မယ့်  ကလီစာတွေက လုပ်တာနှေးတော့ နှလုံးခုန်နှုန်းက နှေးသွားမယ်။ အဲ့ဒီတော့ ဇီဝကမ္မဖြစ်စဉ်တွေက သူရဲ့ဟာတွေက နှေးကွေးသွားတဲ့အခါကျတော့ ဒီခန္ဓာကိုယ်က အဟာရဓာတ်တွေက စုပုံလာတယ် အဲ့အခါကျလူက fat တွေများပြီး လူကဝလာမယ်၊ နောက်ပြီးတော့ လေးလံထိုင်းမှိုင်းလာမယ်၊ သိပ်ပြီးတော့ အာရုံမစူးစိုက်ချင်တော့ဘူး၊ ပြီးလို့ရှိရင် အေးတယ် စောစောကပြောတဲ့ အပူဓာတ် heat ထွက်တာနဲသွားတယ်၊ နဲသွားတဲ့အခါကျတော့ အေးတဲ့ဒဏ်ကို မခံနိုင်ဘူးပေါ့ ခဏ ခဏအအေးမိတာတွေ ဖြစ်မယ်၊ ဝမ်းကလည်း ဝမ်းချုပ်မယ်၊ နောက် အထိုင်အထတွေက လေးလံထိုင်းမှိုင်းပြီးတော့ အဲ့ဒီ အရေးပြားတွေဘာတွေ ကြည့်လိုက်လို့ရှိရင်လည်း အသားအရေကပွစိစိ ဆံပင်တွေက ကြမ်းကြမ်းကြီးနဲ့ ဖြစ်တယ်။ အဲ့ဒါမှ ဆရာမအစောကပြောခဲ့တဲ့ သွိုင်းရွိုက်ဟော်မုန်းအရမ်းများသွားရင် crisis ပေါ့၊   thyroid crisis ဆိုတာ ဖြစ်သလို သွိုင်းရွိုက်ဟော်မုန်း အရမ်းနဲသွားတဲ့အခါကျလည်း ဘာဖြစ်သလဲဆိုရင် သတိလစ်သွားတယ်၊ နှလုံးသွေးထဲမှာသွားပြီး အရည်တွေ ဖုံးတယ် အဲ့ဒီလိုမျိုး ကြီးမားတဲ့ ရောဂါတွေအထိ ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။

မေး။ ။ ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ နိုင်ငံမှာ ပြောရမယ်ဆိုလို့ရှိရင် သွိုင်းရိုက်ဟော်မုန်းဆိုတာ ကြားဖူးရုံပဲရှိတာပေါ့နော် ဆရာမကြီးရှင်းပြမှသာ ကျွန်တော်တို့ နားလည်တယ် ဆိုတော့ ကျွန်တော်တို့ ဒီနိုင်ငံအနေနဲ့ ဘယ်လောက်ထိ အန္တရာယ်ရှိနေပြီလဲ၊ ကျွန်တော်တို့ ဘယ်လိုမျိုး ကြိုတင်ကာကွယ် သင့်သလဲ၊ ဘာတွေ လုပ်ထားသင့်ပါသလဲခင်ဗျား။

ဖြေ။ ။ ကြိုတင်ကာကွယ်ဖို့ကတော့ အခုကျွန်မ စောစောက ပြောသွားတဲ့အထဲမှာ သွိုင်းရွိုက်များတဲ့ ရောဂါကို အရင်ကြည့်တာပေါ့နော် နောက်ပြီးတော့ ဟိုက်ပါသွိုင်းရွိုက်ဖြစ်တာထက် ပိုများတယ် ။ ဟိုက်ပါသွိုင်းရွိုက်ထက်ကပိုများတယ်ပေါ့နော် အဲ့ဒီတော့ သူကကျတော့   auto immune ကြောင့် ဖြစ်တာ၊ auto immune က ဘာလို့ဖြစ်လဲ ဆိုရင် သူ့ရဲ့ serveက ဒီဘက်က virus တွေ အင်းနက်စ်တွေ များလာတဲ့အခါမှာ ဆိုလို့ရှိရင် ဒီ Virus တွေကြောင့် အင်မြူတေးရှင်း ခေါ်တဲ့ ခန္ဓာကိုယ်ထဲက အခြေအနေပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ခုခံတဲ့စနစ်တွေကလည်း စံလွဲတာပေါ့နော် ခုခံစနစ်တွေက သွေးဖြူကထွက်တဲ့ antibody တွေက အမှန်တော့ အပြင်ကဝင်လာတဲ့ရောဂါ ပိုးမွှားကို ကာကွယ်ဖို့ အဲ့ဒီလိုမဟုတ်ဘဲ ကိုယ့်ခန္ဓာကိုယ်ပြန် အတိုက်များတာ အခုနောက်ပိုင်းမှာ ကျတော့ ဒီရာသီဥတုတွေပြောင်းသွားတယ် အဲ့ဒီအခါမှာဆိုလည်း Virus ရောဂါပိုးတွေ ဖြစ်ပွားတဲ့ပုံစံပြောင်းသွားတယ် ပြောင်းတဲ့အခါမှာ အစကတော့ ဒီရောဂါတွေက အနောက်နိုင်ငံတွေမှာ အဖြစ်များတယ်။ အခုနောက်ပိုင်းမှာတော့ ဆရာမတို့ဆီမှာ auto immune ကြောင့် ဖြစ်တဲ့ရောဂါတွေ ပိုများလာတယ်   အဲ့ဒီလိုမဟုတ်ဘဲ ဆရာမတို့နိုင်ငံမှာတော့ တစ်ချို့ ဒေသတွေမှာ iodine ချို့တဲ့ တဲ့အတွက်ကြောင့်မို့လည်း လည်ပင်းကြီးရောဂါတွေက ရှိတယ် အဲ့ဒီလည်ပင်းကြီး ရောဂါတွေ ကနေပြီးတော့ တစ်ခါတစ်လေကျလိုရှိရင် သူက အရမ်းအလုပ်လုပ်လာရင်တော့လည်း ပြန်ပြီးတော့ တစ်ချို့ moduel လေးတွေက အရမ်းအလုပ် လုပ်လာတဲ့အခါမှာလည်း ဟိုက်ပါသိုွင်းရိုက် ဖြစ်တတ်တယ်။ တစ်ချို့တွေကျတော့လည်း သွိုင်းရွိုက်မော်ဂျူး ဆိုတဲ့ အလုံးတစ်လုံးတည်းကနေ ဟိုက်ပါသွိုင်းရွိုက်ဖြစ်တာတွေရှိတယ်၊ နောက်ဆရာမတို့ နိုင်ငံမှာ အများစုက iodine ချို့တဲ့ တဲ့အခါ iodine ဆားဖြည့်ကျွေးတဲ့ဟာတွေရှိတယ်။ ဒါပေမယ့် စောစောက နဂိုရောဂါ အခံရှိတဲ့လူတွေကသာ iodine ဆား တအားစားတယ်ဆိုလို့ရှိရင် ဒါတော့ ကြိုမသိနိုင်ဘူးပေါ့၊ ရောဂါရှိမှန်း ကိုယ်က ကြိုမှမသိတာ ခန္ဓာကိုယ်ထဲမှာ ဖြစ်နေတာ မသိဘဲနဲ့ သွားစားတယ်ဆိုလို့ရှိရင်လည်း ဒီဘက်က ဟိုက်ပါသွိုင်းရွိုက်ဖြစ်လာနိုင်တယ် နောက် အခုဆေးတွေမှာ နှလုံးနဲ့ ပတ်သက်ပြီး သုံးနေတဲ့ တချို့ ဆေးမျိုးတွေကလည်း တစ်ခါတစ်ရံတော့ သူကလည်း သွိုင်းရွိုက်ဖန်ရှင်ကို များလာတာမျိုးတွေ တစ်ခါတစ်လေကျရင် နည်းသွားတာမျိုးတွေ သူက ဖြစ်တတ်တယ်ဆိုတဲ့အခါကျတော့ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှုကြောင့်လည်း ပိုများလာတယ်လို့ ပြောရမယ်၊ ကြိုတင်ကာကွယ်လို့တော့ မရဘူး ဒါပေမယ့် စောစောစီးစီးလက္ခဏာကို သိပြီးတော့ ဖြစ်တယ်ဆိုလို့ရှိရင် ဆရာဝန်နဲ့ နားလည်တတ်ကျွမ်းတဲ့လူနဲ့ တိုင်ပင်ဖို့ပဲ အရေးကြီးပါတယ်။

မေး။ ။   သူက ဒီသွိုင်းရွိုက်ဆေးတွေ သောက်နေရတယ်ပေါ့နော် သောက်နေရတဲ့အခါမှာ ကလေးယူလို့ ရလား မရဘူးလား ။

ဖြေ။ ။ အဲ့ဒါကလည်း ကျွန်မတို့ ဆရာဝန်တွေအတွက်ရော လူနာတွေအတွက်ရော အရေးကြီးတာပေါ့ အဲ့ဒီရောဂါက သွိုင်းရွိုက်ရောဂါကလည်း အမျိုးသမီးမှာပိုအဖြစ်များတယ် အထူးသဖြင့် ကိုယ်ဝန်ဆောင်နိုင်တဲ့အရွယ်မှာဆိုရင် ဆရာဝန်နဲ့ ကြိုပြောထားမယ် သူတို့ ကိုယ်ဝန်ယူဖို့ အကြံအစည်ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ရမယ် ဒီသွိုင်းရွိုက်ဟော်မုန်းကို ဆရာမတို့ ဆေးနဲ့ကုသတဲ့အချိန်မှာ ရောဂါလက္ခဏာငြိမ်သွားပြီ သွိုင်းရွိုက်ဟော်မုန်းကို သေချာထိန်းလို့ရသွားပြီ စတေဘယ်လိုက် ခေါ်တာပေါ့ ထိန်းလို့ရပြီ ဆေးလေးနဲ့ နဲနဲထိန်းလို့ရပါပြီ ဆိုတဲ့အချိန်မှသာ ယူလို့ကောင်းပါတယ်။ ယူမယ်လို့ ရည်ရွယ်ထားတယ်ဆိုရင် ထိန်းလို့ရတယ်ဆိုတဲ့အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်မယ် ယူလို့ရပြီဆိုတဲ့အချိန်မှာ သူက အသိပေးရမယ်။ ဘယ်တော့ဆို စယူမယ် အဲ့ဒီအချိန်မှာ ဆရာမတို့က သောက်နေတဲ့ ဆေးမှာ အသုံးများတဲ့ဆေးရှိတယ် ။  ဒါပေမယ့် ကိုယ်ဝန်စဖြစ်ခါစ ပထမသုံးလလောက်အတွင်းမှာတော့ ဆရာမတို့က ဆေးကို ပြောင်းတယ်။ ဒါကြောင့် သူက ကလေးယူမယ် ကိုယ်ဝန်ဆောင်မယ်သာ ရည်မှန်းထားပြီ ဆရာဝန်ကလည်း မီးစိမ်းပြ လိုက်ပြပြီပေါ့။ သူ့ရဲ့ ဟော်မုန်း အခြေအနေက ထိန်းသိမ်းပြီးတော့ ငြိမ်နေပြီဆိုတဲ့ အချိန်မှာ ဆိုရင်တော့  ဆေးကို ကြိုပြီးတော့ ပြောင်းပြီးတော့မှ ကလေး ယူရင်တော့ ကလေးရော မိခင်အတွက် ပိုကောင်းပါတယ်။ သွိုင်းရွိုက်ဟော်မုန်းကို သေချာ မထိန်းနိုင်တဲ့အချိန်မှာ ဆန္ဒစောပြီး သွားယူရင်ကျတော့ ဒီဟော်မုန်းဓာတ်များလို့ ကြောင့်ပဲဖြစ်ဖြစ် ဆေးကြောင့်ပဲဖြစ်ဖြစ် ကလေးမှာလည်း အဲ့ဒီ antibody တွေရောက်သွားပြီးတော့ ကလေးမှာပါ ဟော်မုန်းများတဲ့ရောဂါ ဒါမှမဟုတ်လို့ရှိရင် ဆေးကြောင့်မို့လို့ ဆေးတွေက စောစောအချင်းကနေဖြတ်သွားပြီးတော့ ဟော်မုန်းနဲတဲ့ရောဂါ နှစ်မျိုးလုံး သွားဖြစ်နိုင်တယ် နောက်ပြီး ကလေးပျက်တယ် ရှောတယ်မျိုးတွေကလည်း ဖြစ်နိုင်တဲ့အတွက် ကြောင့်မို့လို့ ရောဂါအခြေအနေ တည်ငြိမ်တဲ့အချိန်မှာပဲ ကိုယ်ဝန်ဆောင်ပါလို့ အကြံပေးလိုပါတယ်။

မေး။ ။   သူကတော့ ၂၀၁၄ တုန်းက  အကျိတ်တွေ့လို့တဲ့ ဆရာတစ်ယောက်နဲ့ခွဲခဲ့ရတယ် ။  အဖြေထွက်တာကတော့ သွိုင်းရွိုက်ပုံမှန်မဟုတ်တဲ့ ရေအိတ်လို့ အဖြေထွက်ပါတယ်တဲ့ ၊ အကတည်းကပေါ့နော် ညဖက်အိပ်ခါနီး ချွဲကျပ်တာ အမြဲဖြစ်တယ်တဲ့ အဲ့ဒါ သွိုင်းရွိုက်နဲ့ ဆိုင်ပါသလားတဲ့ ဘာဆက်လုပ်ဖို့ လိုမလဲလို့ သူကမေးထားပါတယ် ဆရာမကြီး။

ဖြေ။ ။ သွိုင်းရွိုက်နဲ့ ဆိုင်တာလည်း ဖြစ်နိုင်၊ သွိုင်းရွိုက်နဲ့ မဆိုင်တာလည်း ဖြစ်နိုင်တယ်။ သွိုင်းရွိုက်နဲ့ ဆိုင်တာကတော့ ဆရာက ရေအိတ်လေးထုတ်လိုက်တဲ့ ပမာဏဘယ်လောက်များလဲပေါ့နော် တကယ်လို့ ပမာဏက ခပ်များများလေး ထုတ်လိုက်တယ်ဆိုလို့ရှိရင် သွိုင်းရွိုက်က စောစောကပြောတဲ့ သွိုင်းရွိုက်ဟော်မုန်းနဲတာဖြစ်သွားနိုင်တယ်၊ သွိုင်းရွိုက်ဟော်မုန်းနဲရင် စောစောကဆရာမ ပြောခဲ့သလိုပဲ သူကအအေးမိတဲ့ဒဏ်ဆိုမခံနိုင်ဘူး၊ အဲ့ဒါဆိုရင် သူခဏ ခဏအအေးမိမယ် ချွဲကျပ်နေတယ်သူက ဖြစ်နိုင်တယ်၊ အဲ့ဒီလို မဟုတ်ဘဲ ခွဲစိတ်တဲ့နေရာမှာ ဖြစ်တောင့်ဖြစ်ခဲပဲ တစ်ခါတစ်လေကျလို့ရှိရင်တော့ အသံအိုးလေးကိုသွားတဲ့ အာရုံကြောလေး ထိသွားတယ်ဆိုလို့ရှိရင် အသံနဲနဲ ဝင်သွားမယ် အသံဝင်သွားတယ်ဆိုရင် ဆရာမတို့က အသက်ရူလမ်းကြောင်းမှာ အသံအိုးနဲ့ စတာကို အဲ့ဒီဟာဆိုလို့ရှိရင် အဲ့ဒီအထဲမှာ နဲနဲလေး ချွဲတွေကို ကာကွယ်တဲ့နေရာမှာပေါ့နော် အပြင်ကဝင်လာတဲ့ ချွဲတွေကို အသက်ရူလမ်းကြောင်းထဲ မဝင်အောင် ကာကွယ်တဲ့နေရာမှာလည်း နဲနဲချို့ယွင်းချက်ရှိမယ် ဒါဆိုလို့ရှိရင် ချွဲထနိုင်တယ် ဒါပေမယ့် အဲ့ဒါတွေက လက္ခဏကတော့ သူအဲ့ဒါမဖြစ်ခင်မှာ သူအသံဝင်နေမယ် နဲနဲလေး အစာစားရင် သီးမယ် ဆိုတဲ့လက္ခဏာဆိုတော့ ဒါကတော့ သိသာလွယ်တဲ့ စောစောကဖြစ်ဖူးသွားတော့ သွိုင်းရွိုက်များ နဲသွားလို့ အအေးမိလွယ်တာလား ဆိုရင် ဒါကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ သွိုင်းရွိုက်အလုပ်လုပ်တဲ့ သူ့ရဲ့ သွိုင်းရွိုက်ဖန်ရှင်ခေါ်တဲ့ test တွေကို စစ်ကြည့်ဖို့ လိုပါတယ်။

မေး။ ။ သွိုင်းရွိုက်ဖြစ်လာပြီဆိုလို့ရှိရင် ရောဂါဖြစ်မှန်းသိပြီပေါ့လေ ဆရာမကြီး ခုနပြောသွားတဲ့အထဲမှာ ကြိုတင်ကာကွယ်ဖို့တော့ နဲနဲခက်တယ်လို့ ပြောပါတယ် ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ ဒီသွိုင်းရွိုက် ဖြစ်လာပြီဆိုလို့ရှိရင်ရော ကျွန်တော်တို့ ဘာတွေ ဆက်လုပ်သင့်သလဲ ဘယ်လိုမျိုး နေထိုင်ပြုမူ စားသောက်မလဲ ကျွန်တော်တို့ ဒီသွိုင်းရွိုက်ဖြစ်တာ ဆရာမကြီး အစားအသောက်အနေအထိုင်နဲ့ရော သက်ဆိုင်လား အဲ့ဒါလေးလည်း ကျွန်တော်သိချင်ပါတယ်ဗျ။

ဖြေ။ ။ အစားအသောက်အနေအထိုင်ကတော့ iodine နည်းတဲ့ ကျွန်မတို့ သုံးတဲ့ရေပေါ့ အဲ့ဒီအထဲမှာ နောက် ကိုယ့်ရဲ့ ဒီရေမြေက ရှိနေတဲ့ အိုင်အိုဒင်း ဓာတ်ကြွယ်ဝမှု အဲ့ဒီအပေါ်မူတည်ပြီးတော့ကျတော့ အိုင်အိုဒင်း ဓာတ် နဲရင်တော့ ဒီ ကွိုက်တာလေးတွေက ဖြစ်တယ်၊ ကျွန်မတို့ နိုင်ငံမှာလည်း တစ်ချို့ အဲ့ဒါလေးကတော့ ဆေးသုသေသနက သွားစမ်းသပ်ထားတဲ့ နေရာတွေရှိပါတယ် တစ်ချို့ဒေသ တွေထဲမှာ ဆိုတော့ အိုင်အိုဒင်းဓာတ် နဲတဲ့အတွက် ဥပမာ ကလေး ကျောင်းနေတဲ့ကလေးတွေမှာ စမ်းကြည့်လိုက်ရင်တောင် ၁၅%  ၁၀%  အဲ့ဒီလိုမျိုး ကွိုက်တာ လေးတွေ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ကွိုက်တာ ဖြစ်နေတာရှိတယ် ဒါကြောင့်ပဲ ဆရာမတို့က ဒါတွေ ကာကွယ်ဖို့အတွက် အခုအိုင်အိုဒင်းဆား ဖြည့်ကျွေးတဲ့ဟာတွေ လုပ်နေတဲ့အခါကျတော့ ဒီအဖြစ်နှုန်းတွေက အိုင်အိုဒင်းဆား နဲလို့ဖြစ်တဲ့ ရောဂါတွေကတော့ လျှော့ကျသွားပါတယ်။   ။

သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၁ )  အပြည့်အစုံ - http://www.mizzimaburmese.com/article/54588

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required