ဆီဘောက်ဆာယာဉ်၏ ဆီတိုင်ကီအတွင်းမှ သစ်ခွဲသားများထပ်မံဖမ်းမိ

ဆီဘောက်ဆာယာဉ်၏ ဆီတိုင်ကီအတွင်းမှ သစ်ခွဲသားများထပ်မံဖမ်းမိ
ဓာတ်ပုံ- သစ်တောဦးစီးဌာန

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၂ ။              ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးတိုးဂိတ်အနီးတွင် ၂၂ ဘီး ဆီဘောက်ဆာယာဉ်၏ ဆီတိုင် ကီအတွင်း တရားမဝင်သယ်ဆောင်လာသည့် သစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါ သစ်များကို ဖေဖော်ဝါရီလ ၁၁ ရက်၊ နံနက် ၁ နာရီအချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး သစ်တော ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ယင်း Nissan diesel  (၂၂) ဘီး လောင်စာဆီတင်ယာဉ်၏ ဆီတိုင်ကီအတွင်း တရားမဝင်သယ် ဆောင်လာ သည့် ပိတောက်ခွဲသားများနှင့်အတူ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

အလားတူ ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင်တွင် ဆီဘောက် ဆာယာဉ်ဖြင့် တရားမဝင်သယ်ဆောင်လာသည့် ကျွန်းခွဲသားများကို ဖမ်းဆီးရမိခဲ့ပြီး ၃ ရက်ခန့်အကြာတွင် ယခုကဲ့သို့ ပုံစံတူထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယခု လပိုင်းအတွင်း တရားမဝင်သစ်လုပ်ကိုင်သူများအနေဖြင့် ဆီဘောက်ဆာယာဉ်များဖြင့် သစ်ခိုးထုတ် သယ်ဆောင်ခြင်းများ ဆောင်ရွက်နေကြောင်း သတင်းအရ သစ်တောဦးစီးဌာနမှ ကြပ်မတ်ဆောင် ရွက် လျက်ရှိကြောင်းကိုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required