အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲဝင် မောင်မယ်များကို ဖေဖော်ဝါရီလအတွင်း အပြီးသတ်ရွေးချယ်မည်

အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲဝင် မောင်မယ်များကို ဖေဖော်ဝါရီလအတွင်း အပြီးသတ်ရွေးချယ်မည်
Photo-thura

ဖေဖော်ဝါရီလ ၁၁ ။            ။   မြန်မာနိုင်ငံကဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၉ ခုနှစ်အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲအတွက် မြန်မာလက်ရွေးစင် ကာယဗလမောင်မယ်များကို ဖေဖော်ဝါရီလ တတိယပတ်တွင် အပြီးသတ်လူရွေးချယ်သွားမည်ဟု မြန်မာနိုင်ငံကာယဗလနှင့်ကြံ့ခိုင်မှုအဖွဲ့ချုပ်ထံမှသိရသည်။

 “၂၀၁၉ ခုနှစ်အရှေ့တောင်အာရှ ကာယဗလနှင့်ကြံ့ခိုင်မှုပြိုင်ပွဲ ကို လာမည့်မေလ ၁၆ရက်နေ့မှ၂၁ ရက် အတွင်းကျင်းပပြုလုပ်မှာဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာနိုင်ငံကိုယ်စားပြု ကာယဗလမောင်မယ် များကို အပြီးသတ်လူရွေးချယ်မှုအဖြစ် နောက်ဆုံးအဆင့် ရွေးချယ်မှုကို လာမည့်  ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ အပြီးသတ်ရွေးချယ်မှာဖြစ်ပါတယ်။”ဟု မြန်မာနိုင်ငံကာယဗလနှင့်ကြံ့ခိုင်မှုအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

 အပြီးသတ်ရွေးချယ်မည့် ကာယဗလမ မောင်မယ်များကို မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကာယဗလနှင့် ကာယကြံ့ခိုင်မှုလေ့ကျင့်ရေး အားကစားခန်းမတွင် တတိယအကြိမ်မြောက်အပြီးသတ်ရွေးချယ်ကာ မြန်မာ့ လက်ရွေးစင်အတွက် စခန်းသွင်းလေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 ပြိုင်ပွဲကိုအမျိုးသားအမျိုးသမီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲများ အပြင်ယင်းအားကစားနှင့် ဆက်နွယ် သည့်အားကစားအမျိုးအစားသစ်များကိုလည်းထည့်သွင်းကျင်းပမည်ဖြစ်ကာအားကစားနည်း ၁၅ မျိုးဖြင့် ကျင်းပရန် စီစဉ်ထားသည်။

 အရှေတောင်အာရှ တံခွန်စိုက်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ၂ရကြိမ်မြောက်sea game ပြိုင်ပွဲ မတိုင်မီ က အိမ်ရှင်အဖြစ် မြန်မာနိုင်ငံက တစ်ကြိမ်ကျင်းပခဲ့ဖူးပြီး ယခုဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly