ဆီဘောက်ဆာယာဉ်ဖြင့် တင်လာသော တရားမဝင်ကျွန်းသစ်များ ဖမ်းမိ

ဆီဘောက်ဆာယာဉ်ဖြင့် တင်လာသော တရားမဝင်ကျွန်းသစ်များ ဖမ်းမိ
 ဓာတ်ပုံ - Forest Department

ရန်ကုန်၊ဖေဖော်ဝါရီ ၉ ။          ။ ပေါက်မြို့နယ်၊ အောင်တံခွန်ရပ်ကွက်တွင် တရားမဝင် ကျွန်းသစ်များကို ဆီဘောက်ဆာယာဉ်အတွင်း ထည့်သွင်းတင်ဆောင်လာမှုကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

 ဖြစ်စဉ်မှာ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်-CMRS အရ ပေါက် မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးဆောင်သော သစ်တောဝန်ထမ်း(၆)ဦး၊ မြို့မ ရဲစခန်းမှ ဒုရဲမှူး ဇေယျာသန်းပါ (၇)ဦး၊ အောင်တံခွန် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်သည့်အဖွဲ့သည် ဖေဖော် ၀ါရီလ ၈ရက် ည ၈ နာရီအချိန်ဝန်းကျင်တွင် ပေါက်မြို့နယ်၊အောင်တံခွန်ရပ်ကွက်၊ ဗာဂျီးနီးယား ဆေးပေါင်းရုံ အရှေ့တွင်ရပ်တန့်ထားသော (၆)ဘီးယာဉ် ဆီဘောက်ဆာ ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် တစ်ဦး တစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဆီဘောက်ဆာအတွင်း တရားမဝင်ကျွန်းသစ်များတင်ဆောင်ထားသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါယာဉ်နှင့် တရားမဝင်ကျွန်းသစ်များကို မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးုသို့ သယ်ဆောင်ပြီး အသိသက် သေများ၏ ရှေ့တွင် ဖွင့်ဖောက် စစ်ဆေးကာ တရားမဝင် တင်ဆောင်လာသူများကို အမှုဖွင့်အရေးယူရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required