အမွေမပေးသဖြင့် သားနှင့်ချွေးမက ဖခင်ဖြစ်သူကို မီးရှို့နှိပ်စက်

အမွေမပေးသဖြင့် သားနှင့်ချွေးမက ဖခင်ဖြစ်သူကို မီးရှို့နှိပ်စက်

နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊စော်ဘွားကြီးကုန်းရပ်ကွက်တွင် အမွေမပေးသဖြင့် သားနှင့်ချွေးမ ဖြစ်သူတို့က ဖခင်ဖြစ်သူအား မီးရှို့နှိပ်စက်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်၊ ဖော့ကန်ရပ်ကွက်တွင် နေထိုင်သော အောင်ထွန်းလင်း(၃၂)နှစ်ဆိုသူ ထံသို့ အင်းစိန် မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်တွင် နေထိုင်သော ဦးရှိန်ဝင်း(၇၂)နှစ်မှ ဖုန်းဖြင့်ဆက်သွယ်ကာ သားအရင်းဖြစ်သူ မောင်မောင်ဇေလင်း(၄၀)နှစ်နှင့် ချွေးမဖြစ်သူ မခိုင်စုသော် (၃၅)နှစ်တို့မှ ၎င်း၏ခန္ဓာကိုယ်အောက်ပိုင်းအား မီးရှို့ထား၍လဲနေကြောင်းပြောဆို အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စကို အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ရာ ဦးရှိန်ဝင်း အား ခုတင်ပေါ်တွင် ပက်လက်အနေထားဖြင့် ခန္ဓာကိုယ်တွင်မီးလောင်ဒဏ်ရာများနှင့်အတူ တွေ့ရှိခဲ့ပြီး မေးမြန်းရာ မောင်မောင်ဇေလင်းနှင့်ခိုင်စုသော်တို့မှအမွေတောင်းရာ ၎င်းမှမပေးနိုင်ကြောင်း ပြောဆိုသဖြင့် ၎င်း၏ ခန္ဓာကိုယ်အားမီးရှို့နှိပ်စက်ခဲ့ကြောင်း ပြောပြခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ အရေးယူ ပေးရန်တိုင်တန်းချက်အရ မောင်မောင်ဇေလင်း နှင့် ခိုင်စုသော်တို့(၂)ဦးအား အင်းစိန်မြို့မရဲစခန်း မှ (ပ)၁၈၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၆ ဖြင့် အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required