မင်းဘူးတွင် ငါးရှာရာမှ လက်ပစ်ဗုံးများတွေ့ရှိ

မင်းဘူးတွင် ငါးရှာရာမှ လက်ပစ်ဗုံးများတွေ့ရှိ
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဖေဖော်ဝါရီလ ၈ ။             ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ထောက်ရှာပင်ကျေးရွာအနီး ဧရာဝတီမြစ်ကမ်း၌ ငါးရှာဖွေနေစဉ် ၃၆ လက်ပစ်ဗုံး ၁၄ လုံးနှင့် BA 91 လက်ပစ်ဗုံး ၁ လုံးတို့ကို တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ လက်ပစ်ဗုံးများကို ထောက်ရှာပင်ကျေးရွာနေ ကိုထက်ဇော်ဝင်း ဆိုသူအပါအဝင်  ၂ ဦးက ဖေဖော် ဝါရီလ ၇ ရက်၊ နံနက် ၇ နာရီ၊ မိနစ် ၄ဝ ခန့်တွင် ငါးရှာနေစဉ်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးက ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းကြောင့် သွားရောက်စစ်ဆေးခဲ့သည်ဟု  ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထား သည်။

လက်ပစ်ဗုံးများကို မင်းဘူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှတပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး နယ်မြေခံတပ်မှ သိမ်းဆည်းသယ်ဆောင် သွားကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ ညနေ ၄ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဆူးလေကုန်းကျေးရွာအနီး၌ အဆိုပါကျေးရွာနေ နိုင်ထွန်းဆိုပါ အပါအဝင် ၂ ဦးက လယ်ထွန်စက်ဖြင့် ထွန်ယက် နေစဉ် အရှည် ၁၂ လက်မ၊ အချင်း ၅ လက်မခန့်ရှိ ဒလက်ပါ ဗုံးသီးဟောင်း ၁ လုံးအားတွေ့ရှိခဲ့သည်။

အဆိုပါ ဗုံးသီးဟောင်းကိုလည်း  မင်းစုရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမှတ်(၉၀၁)စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ပြီး အမှတ်(၉ဝ၁)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းသို့ သိမ်းဆည်း သယ်ဆောင်သွားကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၆ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျောက် ချောင်းကြီးသစ်တောကြိုးဝိုင်းအတွင်းရှိ နေဝန်းမြတ် သစ်မာစိုက်ခင်းကုမ္ပဏီခြံစည်းရိုးအနီး နွယ်ပင်ပေါ်၌ ငှက်ပျောဖူးပုံသဏ္ဍန် အလျား ၂ ပေ ၆ လက်မ၊ လုံးပတ် ၄ လက်မခန့် ၇၃ မမ ဒုံးခွင်းကျည် (MR.1) ၁ လုံးအား ကုမ္ပဏီဝန်ထမ်းဖြစ်သူ ရှောပြာကျေးရွာနေ ဦးထူးသာမှ တွေ့ရှိခဲ့သည်။

အဆိုပါ ဒုံးခွင်းကျည်အား ရှောပြာရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှ တပ်မတော်သားများ ပါဝင် သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်၊  ညနေ ၅ နာရီ ၅ဝ မိနစ်အချိန်ခန့် တွင် နယ်မြေခံတပ်မှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly