ခရိုင်ရုံးတွင် အယူခံဝင်ထားသော မိုးအောင်ရင်အမှုအား နောက်ရုံးချိန်း၌ အမိန့်ချမည်

ခရိုင်ရုံးတွင် အယူခံဝင်ထားသော မိုးအောင်ရင်အမှုအား နောက်ရုံးချိန်း၌ အမိန့်ချမည်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၈ ။            ။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာဥပဒေပုဒ်မ- ၁၆(ဂ)/၁၅ ဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံထားရသောအမှုအတွက် သရုပ်ဆောင် မိုးအောင်ရင်ဘက်မှ ခရိုင်သို့ အယူခံဝင်ထားမှုကို လာမည့် ဖေဖော်ဝါရီလ ၂၇ နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်သည်။

 မိုးအောင်ရင်မှာ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်တရားရုံးမှ မူး/စိတ် ဥပဒေပုဒ်မ ၂ ခုအတွက် ထောင်ဒဏ် ၅ နှစ်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ မူး/စိတ် ဥပဒေပုဒ်မ- ၁၉(ဂ) ထောင်ဒဏ် ၁၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသူဖြစ်သည်။

 သရုပ်ဆောင် မိုးအောင်ရင်ဘက်မှ ရန်ကုန်မြို ့၊ ပုဇွန်တောင်မြို့နယ်မှ ချမှတ်ခဲ့သည့် အမိန့်အပေါ် ကျေနပ်မှုမရှိသည့်အတွက် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးသို့ အယူခံတင်ခဲ့ခြင်းဖြစ်သည်။

 အဆိုပါ အယူခံတင်ထားမှုအား ဖေဖော်ဝါရီလ ၈ ရက်၊ ညနေပိုင်းတွင် အပြီးသတ်လျှောက်လဲချက်ကြားနာခဲ့ပြီး ယင်းအတွက်အမိန့်ချမှတ်ရန် ခရိုင်တရားရုံးမှ လာမည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့အား ပြန်လည်ချိန်းဆိုလိုက်သည်။

 အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်၊ နံနက် ၃ နာရီခန့်တွင် တာမွေမြို့နယ် တာမွေလေး ရပ်ကွက်ရှိ မင်းရဲကျော်စွာအိမ်ရာ၌ ငှားရမ်းနေထိုင်သည့် မိုးအောင်ရင်၏နေအိမ်သို့ ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေ ခဲ့ရာ မိုးအောင်ရင်၏ သူငယ်ချင်းဖြစ်သူ ဘုန်းမြင့်အောင်နှင့် လူလူသန်းဦးတို့ကိုတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မိုးအောင်ရင် ၏ အိပ်ယာအောက်မှ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly