နယူးယော့ခ်မှာ တစ်ကျော့့ပြန် ဖွင့်လှစ်လိုက်တဲ့ ခွေး ပြတိုက်

နယူးယော့ခ်မှာ တစ်ကျော့့ပြန် ဖွင့်လှစ်လိုက်တဲ့ ခွေး ပြတိုက်

ဖေဖော်ဝါရီ ၈ ။           ။ ခွေးတွေနဲ့ ပတ်သက်တာတွေကိုပဲ အထူး သီးသန့်စုစည်းထားတဲ့ ခွေး ပြတိုက်တစ်ခုကတော့ အမေရိကန် ပြည်ထောင်စု နယူးယော့ခ်မြို့ဆီ တစ်ကျောပြန် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

AKC Museum of the Dog အမည်ရ အဆိုပါ ခွေးပြတိုက်ကတော့ နယူးယော့ခ်မြို့ မန်ဟက်တန် အရပ်မှာ ဖေဖော်ဝါရီ ၈ ရက်မှာပဲ ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်တဲ့အတွက် ခွေးချစ်သူတွေ သွားရောက်လေ့လာလည်ပတ်နိုင်တော့မှာဖြစ်ပါတယ်။

အဆိုပါ ပြတိုက်ကတော့ လွန်ခဲ့တဲ့ ၁၉၈၂ ခုနှစ်ကနေ ၁၉၈၆ ခုနှစ်အထိ တစ်ကြိမ် ဖွင့်လှစ်ထားခဲ့ဖူးပြီး ယင်းနောက် ၃၂ နှစ်ကြာ အဆက်ပြတ်နေခဲ့ပြီးနောက် ယခုမှ တစ်ကျော့ပြန် ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

ကလေးငယ်တွေအတွက် Arty အမည်ရ virtual ခွေးတစ်ကောင်ပါ လမ်းညွန် အက်ပလီကေးရှင်းတစ်ခု ရှိပြီး ယင်းက ပြတိုက်အနှံ့ ခေါ်ဆောင်ပြသပေးနိုင်မယ်လို့ သိရပါတယ်။

ယခု အသစ်ပြန်လည် ဒီဇိုင်းထုတ်ထားတဲ့ ပြတိုက်နေရာမှာတော့ ခွေးနဲ့ပတ်သက်လို့ ဖန်တီးရာမှာ ထင်ရှားတဲ့ အနုပညာရှင်တွေရဲ့ ထူးခြား လက်ရာ ပန်းချီ၊ ရုပ်တု၊ ပန်းပု၊ အခြားရှားပါး လက်ရာတွေကို တစ်စုတစ်စည်းတည်း ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly