ထိုင်းတွင်ကစားမည့် ခြေစစ်ပွဲအတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လာအားပေးရန် ရန်ကုန် ယူနိုက်တက် ဖိတ်ခေါ်

ထိုင်းတွင်ကစားမည့် ခြေစစ်ပွဲအတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လာအားပေးရန် ရန်ကုန် ယူနိုက်တက် ဖိတ်ခေါ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ။           ။ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းရိုင်မြို့၌ ကျင်းပမည့်ပွဲအတွက် ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို လာရောက်ကြည့်ရှုအားပေးရန် ဖိတ်ခေါ်ခဲ့သည်။

 ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့ရှိ Singha အားကစားကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်း နှင့် ထိုင်းကလပ်ချင်းရိုင်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ထိုင်းမြန်မာနယ်စပ် တာချီလိတ်နှင့် ထိုင်းနိုင်ငံရှိမြန်မာရွှေ့ပြောင်း အလုပ်သမားကို လာရောက်အားပေးရန် ရန်ကုန်ယူနိုက်တက်အသင်း၏ လူမှုကွန်ရက်မှ တဆင့် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

အာရှချန်ပီယံလိဂ် ခြေစစ်ပွဲပထမအဆင့်တွင် မြန်မာနိုင်ငံကိုယ်စားပြု ရန်ကုန်ယူနိုက်တက်အသင်းသည် ဖိလစ်ပိုင်ကလပ် ဆီးရက်စ်နီဂရို့စ် အသင်းကို ၂-၁ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး  ဒုတိယအဆင့် ခြေစစ် ပွဲကိုတက်ရောက်နိင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာကလပ်အသင်းများသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲ (AFC Champion League) ကို ၂၀၁၅ ခုနှစ်ပြိုင်ပွဲမှ စတင်ကာ ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး အာရှချန်ပီယံလိဂ် ပြိုင်ပွဲကို ပထမဆုံး ယှဉ်ပြိုင်ခွင့်ရရှိသည့် အသင်းမှာ ရတနာပုံ အသင်းဖြစ်သည်။သို့သော်လည်း ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း မရှိခဲ့ပေ။

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာ့ဘောလုံးလောကတွင် ပထမဦးဆုံးအကြိမ် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်သည့် ပထမဦးဆုံးအသင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly