ထိုင်းဘုရင်၏ အစ်မတော်မင်းသမီး ရာဇကညာ ဝန်ကြီးချုပ်နေရာ ဝင်ပြိုင်မည်

ထိုင်းဘုရင်၏ အစ်မတော်မင်းသမီး ရာဇကညာ ဝန်ကြီးချုပ်နေရာ ဝင်ပြိုင်မည်

ဖေဖော်ဝါရီ ၈ ။            ။ လာမယ့်မတ်လမှာ ကျင်းပမယ့် ထိုင်းရွေးကောက်ပွဲမှာ လက်ရှိထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းရဲ့ အစ်မဖြစ်တဲ့ မင်းသမီး ဥဘောလ် ရတနာ ရာဇကညာ က ဝန်ကြီးချုပ်နေရာအတွက် ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

အသက် ၆၇ နှစ်ရှိ ဥဘောလ် ရတနာ ရာဇကညာ မဟီဒုံကတော့ ဖြုတ်ချခံ ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝါထရာ နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ပါတီတစ်ခုကို ကိုယ်စားပြုပြီး ဝန်ကြီးချုပ် ရာထူးအတွက် ဝင်ရွေးချယ်ခံမှာဖြစ်တယ်လို့ ဆိုပါတယ်။

အစဉ်အလာအားဖြင့် ထိုင်းတော်ဝင် မိသားစုအနေနဲ့ နိုင်ငံရေးနဲ့ ခပ်ဝေးဝေး နေလေ့ရှိသော်ငြား ယခုလို မင်းသမီး ရာဇကညာရဲ့ ရွေးကောက်ပွဲဝင်မယ့်ကိစ္စဟာ မကြုံစဖူး ထူးခြားမှု တစ်ခုလည်း ဖြစ်လို့နေပါတယ်။

ဒါ့အပြင် နတ်ရွာစံ ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ အကြီးဆုံးသမီးတော်လည်းဖြစ်တဲ့ မင်းသမီး ရာဇကညာ ခုလို ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်နေရာ ဝင်ပြိုင်ဖို့ လုပ်ဆောင်လာမှုက လက်ရှိ ထိုင်းအာဏာရ စစ်အစိုးရ အုပ်စုဘက်က အာဏာကို ဆက်လက်ချုပ်ကိုင်ထားလို့တဲ့ မျှော်မှန်းချက်တွေအပေါ် ထိုးနှက်ချက်တစ်ခုလို ဖြစ်လာစေခဲ့ပါတယ်။

ထိုင်းရွေးကောက်ပွဲတွေကိုတော့ လာမယ့် မတ်လ ၂၄ ရက်မှာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။

မင်းသမီး ရာဇကညာကတော့ ယခု ရွေးကောက်ပွဲမှာ ထိုင်း Raksa Chart ပါတီ ကိုယ်စားပြုဝင်ပြိုင်သွားမယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required