ဟစ်တလာ လက်မှတ်ပါရှိတဲ့ ရေဆေးပန်းချီကား ငါးကားကို လေလံတင်ရောင်းချမည်

ဟစ်တလာ လက်မှတ်ပါရှိတဲ့ ရေဆေးပန်းချီကား ငါးကားကို လေလံတင်ရောင်းချမည်

ဘာလင်၊ ဖေဖော်ဝါရီ ၈ ။             ။ ဂျာမနီနိုင်ငံတောင်ပိုင်း နုရင်ဘတ်မြို့က ၀ိုက်ဒလားလေလံရုံးမှာ A Hitler ဆိုတဲ့ လက်မှတ်ထိုးထားတဲ့ ရေဆေးပန်းချီကား ငါးကားကို လေလံတင်ရောင်းချဖို့ ရှိနေပါတယ်။

နာဇီခေါင်းဆောင်ကြီး ဟစ်တလာဟာ ပန်းချီဆွဲရာမှာ သူ့နာမည်အပြည့်အစုံဖြစ်တဲ့ အဒေါ့ဖ်ဟစ်တလာကို ယူပြီး A Hitler လို့ သူ့ ရေးဆွဲတဲ့ ပန်းချီကားတွေမှာ လက်မှတ်ထိုးတာ ဖြစ်ပါတယ်။

အခု လေလံရုံးမှာ ဟစ်တလာရဲ့ လက်ရာတွေ ဖြစ်နိုင်တဲ့ ပန်းချီကားပေါင်း ၂၆ ကားကို လေလံတင်ရောင်းချဖို့ လုပ်ခဲ့တာဖြစ်ပေမယ့် ဟစ်တလာ လက်ရာ စစ်ရဲ့လားဆိုတဲ့ သံသယတွေကြောင့် အစီအစဉ်ကို စွန့်ပယ်လိုက်ရတာပါ။

အခု ပန်းချီကား ငါးကားကိုတော့ စနေနေ့မှာ စတင်လေလံတင် ရောင်းချသွားဖို့ ရှိနေပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးကို စတင်ခဲ့တဲ့ ဟစ်တလာဟာ နိုင်ငံရေးလောကထဲ မဝင်ရောက်ခင်မှာ ပန်းချီဆရာဖြစ်ဖို့ ကြိုးစားခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

ပန်းချီကျောင်း ဝင်ခွင့်လျှောက်ခဲ့ရာမှာ ဆုံးနိမ့်ခဲ့တဲ့ ဟစ်တလာဟာ နိုင်ငံရေးဖက် စိတ်ထက်သန်လာခဲ့ပြီး ဘဝလမ်းကြောင်းပြောင်းလဲကာ ဂျာမနီခေါင်းဆောင်ကြီး ဖြစ်လာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်မီးကို တောက်လောင်စေခဲ့သူဖြစ်သလို ဂျူးလူမျိုးတွေကိုလည်း အစုအပြုံလိုက် သတ်ဖြတ်မှုနဲ့ ဟစ်တလာဆိုတဲ့ နာမည်ဟာ သမိုင်းမှာ ဖျောက်ဖျက်မရအောင် စွန်းထင်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required